CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)ဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ယူနိုက်တက်အသင်းနဲ့ ခြေစမ်းမယ့် ASEAN-All Stars အသင်းမှာ ပါဝင်ကစားဖို့ မြန်မာ့လက်ရွေးစင်အသင်း တောင်ပံကစားသမား မောင်မောင်လွင်ကို ရွေးချယ်ခဲ့ပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ်ဟာ ASEAN-All Stars အသင်းမှာ မောင်မောင်လွင်ကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တရားဝင် ဆက်သွယ် အကြောင်းကြားခဲ့တာပါ။
မောင်မောင်လွင်ဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြသနေသလို ထိုင်းကလပ် Lamphun Warrior အသင်းမှာလည်း ခြေစွမ်းပြ ကစားနေတာကြောင့် ASEAN-All Stars အသင်းမှာ မြန်မာကိုယ်စားပြုအဖြစ် ရွေးချယ်ကြောင်း AFF က ထုတ်ပြန်ခဲ့ပါတယ်။
ASEAN-All Stars အသင်းကို ဗီယက်နမ် လက်ရွေးစင်အသင်းနည်းပြ Kim Sang-Sik က တာဝန်ယူ ကိုင်တွယ် သွားမှာပါ။
ယူနိုက်တက်အသင်းနဲ့ ASEAN-All Stars အသင်းတို့ရဲ့ ခြေစမ်းပွဲကို မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီ ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။