CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ နိုင်ပွဲရယူထားတဲ့ အာဆင်နယ်နဲ့ အင်တာမီလန်အသင်း တို့ဟာ ဒုတိယအကျော့မှာ ရလဒ်ကောင်းတွေ ထပ်မံရယူပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ပွဲတွေမှာ အာဆင်နယ်အသင်းက ရီးရယ်လ် အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အင်တာမီလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ၂ ဂိုးစီသရေကျခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပထမအကျော့ကလည်း ရီးရယ်လ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့စလုံး အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပြန်တက်နိုင်ခဲ့ တာပါ။
အင်တာမီလန်အသင်းဟာ ပထမအကျော့တုန်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒါကြောင့် အင်တာမီလန်အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင် ခဲ့တာပါ။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ပီအက်စ်ဂျီနဲ့ အာဆင်နယ်၊ အင်တာမီလန်နဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Source: BBC