CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅

ပရီးမီးယားလိဂ် နည်းပြဟောင်း တစ်ဦးဖြစ်တဲ့ ဆမ်အလာဒိုက်စ်က ၂ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ ဘောလုံး လောကထဲပြန်လာဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ 

ဆမ်အလာဒိုက်စ်က “ကျနော်ဟာ ဘယ်သူ့ကိုမဆို အကူအညီပေးမှာပါ။ မန်နေဂျာတစ်ဦး အနေနဲ့လား ဒါမှမဟုတ် အခြားအခန်းကဏ္ဍနဲ့လားဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမယ့် ဒီအရာက ကြီးမားတဲ့ ပရောဂျက်တစ်ခု ဖြစ်ရပါမယ်။ ဘောလ်တန်မှာ ပြန်တွေ့ရမယ်လို့တော့ မထင်ပါဘူး။ သူတို့သာ ကျနော့် အကူအညီကို လိုချင်ရင် သူတို့လိုချင်တဲ့ အချိန်တိုင်း ဖုန်းခေါ်ဆိုနိုင်ပါတယ်”လို့ BBC ကိုပြောခဲ့တာပါ။ 

အသက် ၇၀ နှစ်အရွယ်ရှိ ဆမ်အလာဒိုက်စ်ဟာ ၂၀၂၂-၂၃ ရာသီကုန်ခါနီးမှာ လိဒ်စ်အသင်းကို ၄ ပွဲ ကိုင်တွယ် ပြီးနောက် နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ခြင်း မရှိသေးတာဖြစ်ပါတယ်။ 

ဆမ်အလာဒိုက်စ်ကိုတွေ့ရစဉ် 

အင်္ဂလန်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတို့ အပါအဝင် ပရီးမီးယားလိဂ် ကလပ် အများအပြားကို ကိုင်တွယ်ခဲ့တဲ့ ဆမ်အလာဒိုက်စ်ဟာ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်နိုင်မယ့်လမ်းကို ရှာဖွေနေ တာပါ။ 

ဆမ်အလာဒိုက်စ်ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဘောလ်တန်အသင်းဟာ လိဂ်ဝမ်းအမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ဖို့အတွက် ပလေးအော့ဖ် ယှဉ်ပြိုင် ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ဆမ်အလာဒိုက်စ်ဟာ နည်းပြဘဝမှာ ပွဲပေါင်း ၁,၀၀၀ ကျော် ကိုင်တွယ်ခဲ့ပြီး ၃၈.၆ အနိုင်ရာခိုင်နှုန်း ရရှိထား တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

Source: Goal