CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀

လီဗာပူးလ်အသင်းဟာ တောင်ပံကစားသမား ဆာလက်ကို စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီး ကာလရှည် ထွက်ပေါ်နေတဲ့ ထင်ကြေးတွေကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းနဲ့ ဆာလက်တို့ရဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး ကစားသမားဟာ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေတာပါ။ 

အဲဒါကြောင့် စာချုပ်သစ်အတွက် သဘောတူညီမှု မကြာမီ ပြီးမြောက်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဆာလက်ရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး ဆော်ဒီကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင် စားနေတာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာဖြစ်နေခဲ့တာပါ။ 

ဒါပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေက တိုးတက်ခဲ့တာကြောင့် ဆာလက်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ နီးစပ်နေတာဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၇ ခုနှစ် နွေရာသီကတည်းက အဓိက ကစားသမားဖြစ်ခဲ့တဲ့ ဆာလက် ဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင် အောင် စွမ်းဆောင်ပေးထားတာပါ။ 

ဆာလက်နဲ့ဗန်ဒိုက်ကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ ဆာလက်အပြင် ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ကို လည်း စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ဗန်ဒိုက်က စာချုပ်သစ်အတွက် တိုးတက်မှုတွေ ရှိနေပြီး သူဟာ လီဗာပူးလ်အသင်းကို ချစ်သလို၊ ပရိသတ်တွေကို လည်း ချစ်တယ်လို့ ပြောထားတာပါ။

လီဗာပူးလ်အသင်းဟာ ဆာလက်နဲ့ ဗန်ဒိုက်ကို စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပေမယ့် အကယ်ဒမီထွက် အာနိုးလ် ကတော့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပါ တယ်။ 

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၁၁ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဧပြီ ၁၃ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC