CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၉

ပရီးမီးယားလိဂ်ဟာ ဒီရာသီဥရောပပြိုင်ပွဲ ၃ ခုကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည် ကြောင့် အပိုဝင်ခွင့် တစ်နေရာကို ရရှိခဲ့တဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်း ၅ သင်း ဝင်ပြိုင် ခွင့် ရရှိသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဟာ ပြိုင်ပွဲကို အသင်းပေါင်း ၃၆ သင်းနဲ့ ပြောင်းလဲကျင်းပမှုရဲ့ အစိတ်အပိုင်းအဖြစ် ပြီးခဲ့တဲ့ရာသီ ကတည်းက ဥရောပစွမ်းဆောင်ရည် သတ်မှတ်ချက် အမြင့်ဆုံးထိပ်ဆုံးလိဂ် ၂ ခုကို ဝင်ခွင့် တစ်နေရာစီ ထပ်တိုး ပေးခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ၃ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ် အပိုဝင်ခွင့် တစ်နေရာရရှိဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ 

အဲဒါကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်ပြီး ရာသီအဆုံးသတ်မယ့် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။ 

လက်ရှိအချိန်မှာ ချယ်လ်ဆီး၊ နယူးကာဆယ်၊ မန်စီးတီး၊ အက်စတွန်ဗီလာ၊ ဖူလ်ဟမ်နဲ့ ဘရိုက်တန်အသင်းတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ၂ နေရာအတွက် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အသင်း ၇ သင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးလည်း ရှိနေတာပါ။ 

အာဆင်နယ်အသင်းကို တွေ့ရစဉ်

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ် ဝင်ခွင့်မရဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် ဝင်ခွင့်တစ်နေရာ ရရှိမှာဖြစ်ပါတယ်။

ဒါအပြင် ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ယူနိုက်တက်နဲ့ စပါးအသင်းတို့ထဲက တစ်သင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် ပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် နောက်ထပ် တစ်နေရာကို ရရှိမှာပါ။ 

ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါနဲ့ စီးရီးအေဟာ ချန်ပီယံလိဂ် ဝင်ခွင့်အပို တစ်နေရာကို ရရှိခဲ့လို့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့တဲ့ ဒေါ့မွန်နဲ့ ဘိုလော့ဂ်နာအသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ 

လာမယ့်ရာသီအတွက် ဥရောပပြိုင်ပွဲ စွမ်းဆောင်ရည်အဆင့်မှာ အီတလီက ဒုတိယနေရာ ရပ်တည်နေပြီး စပိန်နဲ့ ဂျာမနီတို့က သူ့ရဲ့အနောက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: ESPN