CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Silom လမ်းမှာ ကျင်းပသည့် ဆွန်ခရမ်ရေကစားပွဲတော်သည် ဧပြီ ၁၅ ရက်မှာ ပြီးဆုံးခဲ့ပြီးဖြစ်၍ မြို့တော်စည်ပင်သာယာရေးအဖွဲ့များက သန့်ရှင်းရေး လုပ်ကိုင်လျက်ရှိသည်။
ဆွန်ခရမ်ရေကစားပွဲတော် ကျင်းပခဲ့သည့် Silom လမ်းပေါ်ရှိ အမှိုက်များကို ဘန်ကောက်မြို့တော် တာဝန်ရှိသူများ နှင့် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်၍ မြို့တော်စည်ပင်မှ သန့်ရှင်းရေးအား ဧပြီ ၁၄ ရက်နေ့ ည ၉ နာရီတွင် လုပ်ခဲ့ကြသည်။