
- By CNI
- Category: စီးပွားရေး
- Hits: 800
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၁
စင်္ကာပူနိုင်ငံ၏ အဓိက အကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်သည့် UOB (United Oversea Bank) သည် မြန်မာနိုင်ငံ တွင်ရှိသည့် ဘဏ်များနှင့်လုပ်ငန်းများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့၌ ကန့်သတ်လုပ်ဆောင်မည်ဟု Nikkei Asia သတင်းဌာနတွင် ဖော်ပြထားသည်။
မြန်မာကုန်သွယ်မှုနှင့် တခြားသော လုပ်ငန်းများမှရရှိသည့် ငွေများ၊ စင်္ကာပူနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ် သမားများ၏ လုပ်ခလစာများကို လွှဲပြောင်းရာတွင် UOB ဘဏ်ကို အများဆုံး အသုံးပြုကြခြင်းဖြစ်သည်။
လက်ရှိ UOB ဘဏ်က မြန်မာနိုင်ငံ၏ဘဏ်များနှင့် ချိတ်ဆက် လုပ်ဆောင်နေသည့် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်သော်လည်း စင်္ကာပူရှိ တခြားသော ဘဏ်များနှင့် ချိတ်ဆက်၍ ရနိုင်ကြောင်း၊ တခြားသော ဘဏ်များက ထိုနည်းလည်းကောင်း ကန့်သတ်မှသာ အခက်အခဲ ရှိနိုင်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်ပညာ ရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပိတ်တယ်ဆိုတာက ဆရာက UOB ဘဏ်မှာ အပ်ထားတယ် ဆရာ့ပိုက်ဆံကို သူတို့ သိမ်းလို့မရဘူး။ ဆရာ့ ပိုက်ဆံကို မြန်မာပြည်နဲ့ Transition လုပ်ခွင့်မပေးဘူးဆိုတာလောက်ပဲ လုပ်လို့ရမှာ။ သဘောက UOB က မပေးဘူး။ DBS ကပေးတယ် ဆရာ DBS ပြောင်းပြီးတော့ လုပ်မှာပေါ့။ DBS ရော UOB ရော တခြားဘဏ် တွေရော ပိတ်တယ်ဆိုရင်တော့ တော်တော်ခက်ခဲသွားမှာပေါ့။ အခြားလုပ်လို့ရတဲ့ တစ်ဘဏ်၊ နှစ်ဘဏ် ရှိနေ သေးရင်တော့ ပြဿနာမရှိဘူး။ အားလုံးပြိုင်ပိတ်ရင်တော့ တစ်မျိုးပေါ့။ နောက်တစ်ခုက အလားအလာပေါ့။ စင်္ကာပူဆိုတာက ကမ္ဘာမှာ အကြီးဆုံး World foundation head လေ။ ကမ္ဘာ့ဘဏ္ဍာရေးဗဟိုပေါ့။ လန်ဒန်၊ နယူးယောက်ပြီးရင် အကြီးဆုံးပဲ။ ဆိုတော့ UOB ဖြစ်တဲ့ကိစ္စတွေကို အဲဒီအရိပ်ကို စင်္ကာပူအစိုးရရော အထိုးခံ မလား။ စင်္ကာပူအစိုးရက အထိုးမခံဘဲနဲ့ အဲဒီဘဏ်တွေကို ဖိအားပေးရင်တော့ မပြောတတ်ဘူးပေါ့နော်။ ဈေးကွက်ထဲမှာ စင်္ကာပူက Oversea Bank တွေအားလုံး အများကြီးရှိတာ။ အဲဒီအထဲက ဘယ်ဘဏ်တွေနဲ့ အများဆုံး လုပ်နေလဲ။ ဒီတစ်ခုကတော့ ဒီလိုဖြစ်ပြီ။ ကျန်တဲ့ဘဏ်တွေလည်း ထပ်လုပ်လို့ရတယ်ဆိုရင် ဒါက ပြဿနာ မရှိပါဘူး။ ဘဏ်ပြောင်းလုပ်လိုက်ရုံပေါ့။ Banking ပြောင်းတယ်ဆိုတာ နိုင်ငံခြားမှာ သိပ်ခက်ခက် ခဲခဲ မဟုတ်ဘူးလေ။ ဒါပေမယ့် အားလုံး တခြားသော ဘဏ်တွေပါ အဲဒီလိုဖြစ်တယ်ဆိုရင်တော့ အန္တရာယ်ရှိ တာပေါ့ လုပ်ရကိုင်ရ ခက်ကုန်မှာပေါ့” ဟု ပြောသည်။
ဘဏ်ငွေလွှဲကိုတွေ့ရစဉ်
UOB အနေဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များမှတဆင့် ငွေသွင်းငွေထုတ် အားလုံးကို ကန့်သတ်မည်ဖြစ်ကြောင်း၊ UOB ဘဏ်အချင်းချင်းသာ ငွေကြေးလွှဲပြောင်းခြင်းကို ခွင့်ပြုကြောင်း၊ အကြွေးဝယ်ကတ် Visa နှင့် Master Card များ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တွင် အကြောင်းကြားခဲ့သည်ဟု Nikkei Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
UOB ဘဏ်မှတဆင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များသို့ ငွေကြေးလွှဲပြောင်းခြင်းများကို လုပ်ဆောင်မှု ကန့် သတ်လိုက်ခြင်းကြောင့် စင်္ကာပူတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ် သမားများ၏ ငွေကြေးလွှဲပြောင်းမှုအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြော သည်။
စင်္ကာပူ UOB ဘဏ်ကို တွေ့ရစဉ်
သို့သော်လည်း တခြားသော ဘဏ်များအပြင် ငွေကြေးဝန်ဆောင်မှု အေးဂျင့်များနှင့် ပြောင်းလဲအသုံးပြု၍ ရနိုင်သေးသည့်အတွက် အခက်အခဲ အနည်းငယ်သာ ရှိနိုင်သည်ဟု သိရသည်။
နိုင်ငံတကာက မြန်မာအစိုးရကို စီးပွားရေး ပိတ်ဆို့မှု လုပ်ဆောင်ရာတွင် အစိုးရ၏ ဘဏ်အကောင့်များထက် ပုဂ္ဂလိက လုပ်ငန်းပိုင်းဆိုင်ရာများကို ကန့်သတ်မှုများ ပြုလုပ်ခြင်းသည် မလုပ်သင့်သည့် ကိစ္စရပ် ဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စီးပွားရေး လုပ်ငန်းရှင်ကတော့ သူ့ဟာသူ ဖွင့်ထားတဲ့ အကောင့်တွေကို ဆက်သုံးလို့ရရင်လည်း ရပေါ့။ သုံးလို့မရရင် ဒီ့ပြင်ဘဏ်သုံးပေါ့ ဒါပဲရှိတာပဲ။ နိုင်ငံတကာလုပ်တဲ့ ကိစ္စတွေပေါ့နော်။ Public ကို ဘယ်လို သွားထိလဲဆိုတော့ ဆရာတို့ မေးမှာပေါ့။ အစိုးရအကောင့်တွေကို ပိတ်တာတော့ သူတို့ရဲ့ ပေါ်လစီ ပေါ့။ ပုဂ္ဂလိကအပိုင်းတော့ မလုပ်သင့်ဘူးလေ ဒါတွေကတော့။ UOB ဘဏ်တစ်ခုတည်း မဟုတ်ဘူးလေ ဒီ့ပြင် ဘဏ်လည်း သုံးလို့ရနေသေးတာကိုး။ စင်္ကာပူမှာလည်း ဘဏ် ၁၀ ခု၊ ၁၅ ခုလောက် ရှိတာကိုး။ ပြောင်းသုံးရ မှာပေါ့။ ဥပမာပြောရရင်တော့ ရေနံလိုပေါ့ ပက်ထရိုနော့ထွက်သွားလည်း ဒီ့ပြင်ရေနံကုမ္ပဏီ လာတာပဲကို အဲဒီလိုပေါ့” ဟု ပြောသည်။
ထို့နောက် ကုန်သွယ်ရေး မြန်ဆန်လွယ်ကူစေရန်အတွက် ဟောင်ကောင်ရုံးခွဲရှိ UOB ဘဏ်တွင် ဖွင့်လှစ်ထား သည့် နိုင်ငံခြားငွေ အကောင့်များကိုလည်း ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ စင်္ကာပူ UOB ဘဏ်သည် နစက အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်များ အဓိက အသုံးပြုသည့် ဘဏ်တစ်ခုဖြစ်သည်ဟု Nikkei Asia သတင်းက ဖော်ပြထားသည်။

- By cni
- Category: စီးပွားရေး
- Hits: 770
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၁
ထိုင်းတွင် မြန်မာ အပါအဝင် ရွှေ့ပြောင်းလုပ်သားများအား စက်တင်ဘာလကုန်အထိ နေထိုင် အလုပ်လုပ်ကိုင် ခွင့်ပြုလိုက်သူများမှာ ဇူလိုင်လကုန်၌ အမည်စာရင်း(Name List) တင်ထားပြီးသူများသာဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ အမည်စာရင်း တင်သွင်းပြီးသူများအား စက်တင်ဘာလကုန်အထိ နေထိုင်ခွင့်ပြုလိုက်ခြင်းကို လက်ရှိတွင် အမည်စာရင်း ထပ်မံ တင်သွင်းခွင့်ပြုသည့်ပုံစံ ပွဲစားများမှ ပြောဆိုနေကြသောကြောင့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် မယုံကြည်ကြရန် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက သတင်းတွေက တော်တော်များများ ထွက်နေတာက Name List မတင်တဲ့လူတွေ တင်လို့ရတယ် ဆိုပြီးတော့လည်း သတင်းထွက်နေတယ် နည်းနည်း ပွဲစားတွေက လိမ်တာပေါ့။
ထိုင်းလုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
Name List အသစ် မတင်ထားတဲ့ လူတွေ တင်လို့မရတော့ဘူး။ တင်ပြီးသားသူတွေပဲ စက်တင်ဘာအထိ နေလို့ရတယ်။ ဒီကြားထဲမှာ အစိုးရက တစ်စုံတစ်ရာ အပြောင်းအလဲပေးရင် အောက်တိုဘာမှာ Work Permit စာရွက်တွေ ထပ်ထွက်မယ်။ ဒီနိုင်ငံရေး အခြေအနေအရ ထိုင်းနိုင်ငံထဲမှာ ရွေးကောက်ပွဲပြီးတော့ အစိုးရအသစ် ပြန်လည်ဖွဲ့စည်းဖို့အတွက် သူတို့ အဆင် သင့်မဖြစ်တဲ့ အချိန်မှာ အခုလို စက်တင်ဘာအထိ ဒီ Name List စာရွက်တွေနဲ့ နေဖို့အတွက် ခွင့်ပြုထားတယ်လို့ ကျနော်တို့ သုံးသပ်မိတယ်။ အထောက်အထား တင်ခွင့်ပြုတဲ့ ကာလကတော့ ပိတ်သွားပြီ။ သို့သော် မတင်ဘဲနဲ့ ကျန်ခဲ့တဲ့သူတွေဆိုရင် ငွေကုန်ကြေးကျ အများကြီး ပေးပြီးတော့မှ သူတို့ ထိုင်းပွဲစားတွေကနေ တဆင့်ပေါ့ ထိုင်း ကုမ္ပဏီတွေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ အဆင်ပြေတဲ့ အေးဂျင့်တွေကနေမှ တဆင့် တင်တာမျိုးတွေပဲ ရကောင်းရလိမ့်မယ်။ အဲဒီတော့ အားလုံး စက်တင်ဘာအထိ ခွင့်ပြုတယ်ဆိုတဲ့ နေရာမှာ Work Permit စာရွက် တွေ ထုတ်ပေးတာမျိုးတွေပေါ့၊ ဥပမာ စမတ်ကဒ်အဖြစ် Work Permit ထုတ်ပေးမှာလား၊ ပန်းရောင်ကဒ်လို့ အများသိထားတဲ့ ကဒ်ပြားကို ထုတ်ပေးမှာလားဆိုတာကို မသေချာဘူး။ ဒါကြောင့် အစိုးရသစ် ဖွဲ့စည်းပြီးတဲ့ အထိကို အချိန်ရွှေ့တယ်လို့ ကျနော်ဒီလို သုံးသပ်တယ်” ဟု ပြောသည်။
အဖမ်းအဆီးများအနေဖြင့် အမည်စာရင်း မတင်သွင်းရသေးခင်ကတည်းက ဖမ်းဆီး စစ်ဆေးမှုများရှိနေကြောင်း၊ အမည်စာရင်း တင်သွင်းခိုင်းထားသည့် ကာလနှင့် ၎င်းနောက်ပိုင်းတွင်လည်း ဖမ်းဆီး စစ်ဆေးမှုများ ရှိနေဆဲ ဖြစ် ကြောင်း သိရသည်။
လက်ရှိ စက်တင်ဘာလကုန်အထိ နေထိုင်ခွင့် ပြုထားသည့်အထဲတွင် MOU သက်တမ်းပြည့်သူများ မပါဝင် ကြောင်း သိရသည်။
ထို့အပြင် MOU ၄ နှစ် သက်တမ်းပြည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ကိုဗစ်မတိုင်ခင်က ပြုလုပ်ခဲ့သည့် U-Turn အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
၎င်းက “ထိုင်းအစိုးရကလည်း ထုတ်ပြန်တာပေါ့ ထိုင်းနဲ့ မြန်မာနဲ့ အစည်းအဝေး အပြီးမှာလည်း။ မြန်မာဘက်က လည်း ထုတ်ပြန်တယ်။ ထိုင်းဘက်ကလည်း ထုတ်ပြန်တယ်။ အဲဒါကတော့ မဖြစ်မနေ ၄ နှစ်သမားနဲ့ ၆ နှစ်သမား နှစ်အုပ်စု ရှိတယ်။ ၆ နှစ်သမားကတော့ ပြန်ကိုပြန်ရမယ်။ ၄ နှစ်သမားကကြတော့ U-Turn လို့ခေါ်တယ်။ နယ်စပ် ပြန် ပြန်ပြီးတော့ ဟိုအရင်တုန်းကဆိုရင် နယ်စပ်မှာပဲလေ အထူးသဖြင့်တော့ မဲဆောက်-မြဝတီပေါ့။ အဲဒီဘက် ပြန်ပြီးတော့ အေဂျင်စီနဲ့ MOU ပြန်လုပ်ပြီး ပြန်ဝင်။ အခုလက်ရှိ အလုပ်ရှင်က ပြန်ခေါ်။ အရင်တုန်းက လုပ်ဖူးပါ တယ် ဒါ။ U-Turn လို့ခေါ်တယ် အဲဒီလိုမျိုး ထုတ်ပြန်တာပေါ့။ အဲဒီလိုမျိုးလုပ်ဖို့က အချိန်ရော ငွေရော အဆင်ပြေ တာ မဟုတ်ဘူးလေ။ သူက ချက်ချင်းရတာမှ မဟုတ်တာ အချိန်ပေးရတယ်။ အဲဒီလိုပြန်ပြီး လုပ်ရင် ကိုယ့် အလုပ် အတွက်လည်း နစ်နာတဲ့အခါကြတော့ အများစုက ဘာလုပ်မလဲဆိုတော့ လူသစ်စာရင်းထဲပဲ သွင်းတော့မှာပေါ့။ လူသစ်စာရင်းသွင်းဖို့က အထောက်အထားသေတဲ့သူ၊ ပျက်တဲ့သူ အကုန်လုံး အကျုံးဝင်နေတာပဲကို။ သူ့ဘာသာသူ MOU ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်။ အဲဒီလိုမျိုးပဲ လုပ်မယ်လို့ ကျနော်တို့ ယူဆတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အချို့သော MOU လုပ်သားများသည် နိုင်ငံကူး လက်မှတ် သက်တမ်း ၁ နှစ် ကျန်သေးသော်လည်း မြန်မာနိုင်ငံသို့ မပြန်ဘဲ သက်တမ်းကျော်လွန်သည်အထိ နေထိုင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် သက်တမ်းကုန်နေသော နိုင်ငံကူးလက်မှတ်များအား အသစ်လာရောက် ပြုလုပ်ပါက ဇူလိုင် ၃၁ ရက်နေ့မှစ၍ ပျက်စီး/ ပျောက်ဆုံး ဒဏ်ကြေးကဲ့သို့ သတ်မှတ်ဒဏ်ကြေး ၃၆၅၀ ဘတ်ကို ပေးသွင်း ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 793
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် ပုဂ္ဂလိကလျှပ်စစ်မီတာ တစ်ယူနစ်လျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် ပေးဆောင်နေရကြောင်း ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
ဟုမ္မလင်းမြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှပေးသည့် လျှပ်စစ်မီးကို ရရှိခြင်းမရှိဘဲ ပုဂ္ဂလိက လျှပ်စစ် ကုမ္ပဏီများက ဖြန့်ဖြူးသည့် လျှပ်စစ်မီးကိုသာ ရရှိကြောင်း၊ ထိုလျှပ်စစ်မီးသည် စက်သုံးဆီကို အသုံးပြုရခြင်း ကြောင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်ခြင်းနှင့်အတူ လျှပ်စစ်မီတာ ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်သွား ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က လျှပ်စစ်မီတာ တစ်ယူနစ်လျှင် ၄၀၀ ကျပ်သာရှိပြီး လက်ရှိတွင် စက်သုံးဆီ ၁ ပေပါလျှင် ၇ သိန်းကျပ် ဖြစ်ပေါ်နေခြင်းကြောင့် မီတာ တစ်ယူနစ် ဈေးနှုန်းသည် ၂၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံလာခြင်း ဖြစ်သည်ဟု ဟုမ္မလင်းဒေသခံ စိုင်းအိုက်စံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်တုန်းကတော့ ၄၀၀၊ ၄၀၀ ကနေ မီးစက်မောင်းတဲ့ ဒီဇယ်နဲ့ အသုံးပြုရတဲ့ အခါကျတော့ ဒီဇယ်ဈေး တက်တော့ မီတာဈေးတွေက တက်သွားတာ။ ဒီဇယ်အင်ဂျင်နဲ့ မောင်းရတဲ့အခါကျတော့ ဒီဇယ်ဈေးတက်တဲ့ အခါ ကျတော့ ၁ ယူနစ်ကို ၂၀၀၀။ ပုဂ္ဂလိကပေါ့ ရွာက ပုဂ္ဂလိက လျှပ်စစ်။ တချို့တွေကျတော့ မီတာချပြီးတော့ ထားတဲ့ သူတွေလည်း ရှိတယ်။ မိန်းချပြီး ထားတဲ့သူတွေလည်း ရှိတာပေါ့ ဈေးတက်သွားတော့။ တချို့တွေကျတော့လည်း မသုံးနိုင်တော့ဘူးပေါ့။ လုပ်ငန်းသုံး သမားတွေကျတော့လည်း မဖြစ်မနေကျတော့ သုံးရတဲ့အခါကျတော့ လုပ်ငန်း သုံးတော့လည်း ဈေးတက်လည်း သုံးကြတာပေါ့။ ဒီဇယ်ဈေးကျရင်တော့ ပြန်ကျပေးမယ် ပြောတာပဲ” ဟု ပြော သည်။
နောင်ပိုအောင်စံပြကျေးရွာကိုတွေ့ရစဉ်
စက်သုံးဆီ သယ်ယူပို့ဆောင်သည့် လမ်းကြောင်းများတွင် တိုက်ပွဲဖြစ်ပွားခြင်း၊ လုယက်ဓားပြတိုက်ခြင်းများ ဖြစ် ပွားနေခြင်းကြောင့် ဟုမ္မလင်းမြို့နယ်တွင် စက်သုံးဆီနှင့် အခြားသော လူသုံးကုန်ပစ္စည်းများ ပြတ်လပ်ခြင်းများ ကြုံတွေ့နေရသည်။
ထို့နောက် ဈေးနှုန်း မြင့်တက်ခြင်းများ ဖြစ်ပေါ်လာပြီး လျှပ်စစ်မီတာခများလည်း စျေးနှုန်းမြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ချင်းတွင်းမြစ်အထက်အပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ နမ့်ပန်ငါး ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသည်။
ဟုမ္မလင်းမြို့က ဥရုတံတားကိုတွေ့ရစဉ်
လက်ရှိတွင် ထိုစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး လာမည့် ၂၀၂၄ ခုနှစ်၌ ပြီးစီးမည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။
နောင်ပိုအောင် ဒေသခံတစ်ဦးက “ကျနော်တို့ နမ့်ပန်ငါး ရေအားလျှပ်စစ်ကနေမှ ဟုမ္မလင်းကနေ နောင်ပိုအောင်ကို ဓာတ်အားကြိုး ဆွဲဖို့လည်း အစိုးရက ချထားတာ တွေ့တယ်။ အစိုးရကနေမှ ၈ မဂ္ဂါဝပ်ထွက်မယ့် နမ့်ပန်ငါး ရေအားလျှပ်စစ် စီမံကိန်း လုပ်နေတာ ရှိတယ်လေ။ စီမံကိန်းကတော့ လာမယ့် ၂၀၂၄၊ ၄ လပိုင်း အပြီးလို့တော့ သူတို့ကတော့ ပြောထားတာပဲ။ ပြီးမပြီးတော့ မသိဘူးပေါ့။ မီတာတော့ ဘာမျှော်နေလဲဆိုတော့ နမ့်ပန်ငါး ရေအား လျှပ်စစ်ပြီးလို့ ဟုမ္မလင်းကနေ နောင်ပိုအောင်ကို မဟာဓာတ်အားလိုင်း ၂၁ မိုင် ဆွဲနိုင်ဖို့ပဲ အားခဲနေရတာပေါ့။ ဒါဆိုရင် ကျနော်တို့ အစိုးရ နှုန်းထားနဲ့ ရမှာလေ။ အစိုးရပေးတဲ့ မီးနှုန်းထားနဲ့။ ဒါဆိုရင် ကျေးရွာတွေ ကျနော်တို့ နောင်ပိုအောင်ရွာပဲ မဟုတ်တော့ဘူး နောင်ပိုအောင် ဟိုဘက်ကမ်းက ဟဲခမ်းအုပ်စု၊ မာလုံအုပ်စု၊ မီးရမှာ ကျေးရွာ ၈ ရွာ၊ ၉ ရွာလောက်။ ဟိုဘက်က မာန်ဟုန်အုပ်စု၊ နောင်တောအုပ်စု၊ လွှစင်ကုန်းအုပ်စု မီးတွေရမယ်” ဟု ပြော သည်။
ချင်းတွင်းမြစ်အထက်ပိုင်းရှိ တချို့သောမြို့များတွင် အိန္ဒိယကုမ္ပဏီမှ ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူး ပေးထားမှုများရှိပြီး ဈေးနှုန်း သက်သာကြောင်း၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ နောင်ပိုအောင်စံပြ ကျေးရွာ၊ နမ့်တော စံပြကျေးရွာများသည် အစိုးရလျှပ်စစ်မီး မရရှိသေးသည့် ဒေသများ ဖြစ်သည်။

- By cni
- Category: စီးပွားရေး
- Hits: 663
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၀
မြန်မာနိုင်ငံအတွင်းရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌ ဩဂုတ် ၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လမ်းအချို့ ပျက်စီးမှုများ ဖြစ်ပေါ်နေသဖြင့် ယခုရက်ပိုင်းအတွင်း ထိုင်းသို့ စေလွှတ်ရန်ကျထား သည့် MOU လုပ်သား စေလွှတ်မှုများကို ရပ်နားထားကြောင်း အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
ဩဂုတ် ၇ ရက်နေ့က MOU လုပ်သားများ စေလွှတ်ရန် ထွက်ခွာသွားကြသည့် အေဂျင်စီများအနေဖြင့် လုပ်သား များနှင့်အတူ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခေတ္တခိုနားနေကြပြီး အဆင်မပြေပါက ရန်ကုန်သို့ ပြန်လှည့်ကြ မည့် အနေအထား ဖြစ်ကြောင်းလည်း အေဂျင်စီများထံက သိရသည်။
အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်သည် MOU လုပ်သားများ စေလွှတ်ရေးအပြင် စီးပွားရေးအတွက် အဓိက ကုန်သွယ်သည့် လမ်းကြောင်း ဖြစ်သောကြောင့် နိုင်ငံတော်မှ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးရန် အေဂျင်စီများက မျှော်လင့်နေကြသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ပျက်စီးနေမှုကိုတွေ့ရစဉ်
ပွင့်ဖူးအောင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက “တချို့ကလေးတွေဆိုရင် ဟိုမှာသွား ပိတ်မိနေတာ ရှိတယ် တချို့ကုမ္ပဏီဆိုရင်။ အဲဒီနေ့က သွားတဲ့သူ ၇ ရက်နေ့က သွားတဲ့သူတွေက ပိတ်မိတယ်။ အစ်မက ၈ ရက်နေ့မှ တင်မှာဆိုတော့ ရန်ကုန်မှာ စမတ်ကဒ် ရိုက်နေတဲ့ အချိန်မှာပေါ့လေ အဲဒီလမ်းဖြစ်တဲ့ အချိန် က။ အစ်မတို့ ကလေးတွေကတော့ ရန်ကုန်မှာပဲ ရှိတယ်။ နယ်တွေကို ပြန်ခိုင်းတယ်။ လမ်းကောင်းတော့မှ ပြန် လွှတ်မှာပေါ့။ လမ်းဟောင်းကလည်း တံတားတွေကျိုးနေတာပဲ။ လမ်းဟောင်းကလည်း မသွားတာကြာနေတဲ့ အခါကြတော့ အခုကပိုဆိုးတယ် ဘာလို့ဆို ဟိုးအရင်ခေတ်ကတည်းက လမ်းဟောင်းဆိုတာက အတက် ၁ ရက် အဆင်း ၁ ရက်ပဲ သွားလို့ရတာလေ။ အဲဒီလောက် လမ်းတွေကောင်းတာ မဟုတ်ဘူး။ အခု စမတ်ကဒ် ရိုက်ထားတဲ့ ကလေးမဟုတ်ဘဲနဲ့ နောက်ထပ် ထွက်မယ့်ဟာ စေလွှတ်မယ့်ဟာတွေ အားလုံးက တခြားလမ်းကြောင်းကနေ ပြောင်းတော့မှာပေါ့ ရနောင်း-ကော့သောင်းဘက်ကနေ ပြောင်းမယ်။ အခုလုပ်တယ် ဆိုလည်း အခုလူတွေအတွက် ပဲ ဘေလီတံတားတို့ဘာတို့ ခဏပဲ ထိုးမှာပေါ့။ ကျန်တဲ့ဟာကတော့ စီစဉ်ပြီး လွှတ်လို့ရပါတယ်။ မလောဖို့ကတော့ တစ်ချိန်လုံး ဒီ ထိုင်းတို့၊ မလေးတို့ သမားတွေကို မှာနေရတာပဲလေ” ဟု ပြောသည်။
သို့သော် ဩဂုတ် ၈ ရက် ညနေပိုင်းမှ စတင်ကာ မြဝတီ-ကော့ကရိတ် တောင်ပေါ် လမ်းဟောင်းမှတဆင့် မော်တော်ယာဉ်ငယ်များအား စတင်ဖြတ်သန်းခွင့် ပြုထားကြောင်း သိရသည်။
လမ်းဟောင်းအား အသုံးမပြုသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် MOU လုပ်သားများအား လမ်းဟောင်းမှ စေလွှတ်ခိုင်းခဲ့ပါက လုံခြုံမှုမရှိသည့်အတွက် စေလွှတ်မည် မဟုတ်ကြောင်း အေဂျင်စီများထံက သိရသည်။
ထိုင်းသို့ သွားမည့် MOU လုပ်သားများကိုတွေ့ရစဉ်
MOU လုပ်သားများအား အာရှလမ်းမကြီးမှ စေလွှတ်ခြင်းအပြင် အခြားလမ်းကြောင်းများဖြစ်သည့် လေကြောင်း လိုင်း၊ ကော့သောင်း-ရနောင်း လမ်းကြောင်းလိုင်းများဖြင့် စေလွှတ်၍ရသော်လည်း လုပ်သားများအတွက် ကုန်ကျ စရိတ် ထပ်မံကုန်ကျသွားမည် ဖြစ်ကြောင်းလည်း အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “ကြန့်ကြာမှုတော့ရှိမယ်။ ဘာလို့ဆို ဒီဟာကြီးက တောင်အောက်ကို ဖြတ်ပြီး လမ်းလျှောက်ပါလို့ ဘယ်သူမှ စေခိုင်းထားတာ မရှိဘူးလေ။ တကယ်လို့ သွားရင်လည်း တစ်ခုခု ထပ်ဖြစ်ခဲ့လို့ရှိရင် သွားတဲ့အေဂျင်စီက ဌာနဆိုင်ရာရဲ့ အရေးယူခြင်းကို ခံရမှာလေ။ အဲဒီ တော့ အေဂျင်စီတွေအားလုံးက လေယာဉ်နဲ့စေလွှတ်ခွင့်ပြုတဲ့ ဟာမျိုးကို စောင့်နေကြတယ်။ နောက်ဘိတ်ဆုံး မရဘူးဆိုရင် ကော့သောင်း-ရနောင်းလမ်းကိုရွေးပြီး သွားကြရမယ်။ အဲဒီတော့ စာတွေ ပြန်ပြောင်းတင်ရမယ်။ ခွင့်ပြုချက်တွေ ပြန်ပြောင်းတင်ရမယ်။ ဟိုဘက်က ကြိုဆိုရေးအဖွဲ့ကလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ပြန်တင်ရမယ်။ ရနောင်းကနေ ကြိုဆိုဖို့ဘာတွေ၊ အလုပ်တွေ အများကြီး ထပ်တိုးလာဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အခြေအနေတစ်ခုကိုတော့ ခဏစောင့်ကြည့်ရမှာပဲ ဒီရက်ပိုင်းမှာ။ ဌာနဆိုင်ရာက လေယာဉ်လက်မှတ်ဖိုးတွေ ဘာဖိုးတွေက အလုပ်သမားတွေဆီက ကောက်ခံဖို့က ပြောထားတယ်။ ဌာနဆိုင်ရာက ခွင့်ပြုပြီးသား လေယာဉ် လက်မှတ် ဖိုးကောက်ဖို့” ဟု ပြောသည်။
လက်ရှိတွင် ပျက်စီးနေသည့် အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီး လမ်းသားပြိုကျခဲ့သည့် နေရာအား ယာယီ ဘေလီတံတားထိုးရန် စီစဉ်ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။
အဆိုပါ လမ်းသားပြိုကျသည့် နေရာသည် လမ်းအလျား ပေ ၂၀၀ နှင့် အနက် ၃၅ ပေဝန်းကျင်ရှိပြီး ဘေလီ သံဘောင်နှင့် ယာယီတံတားထိုးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘေလီတံတားထိုးရန် အချိန်တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 567
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်နှက်နေသည့် ပုဂံယဉ်ကျေးမှုနယ်မြေ အလိုတော်ပြည့်ဘုရား အနီးမှာ ကြက်ဆင်မွေးမြူရေးခြံတစ်ခု ဆောက်လုပ်၍ မွေးမြူရေးလုပ်ငန်း တစ်ခုကို တွေ့ရသည်။
အဆိုပါ ကြက်ဆင်မွေးမြူရေး လုပ်ငန်းသည် ဘုရားကြီး၏ အုတ်ရိုးကို ခြံခတ်၍ သံဇကာများဖြင့် ဆောက်လုပ် ထားခြင်း ဖြစ်သည်ကို တွေ့ရသည်။
ထို့ကြောင့် ဒေသခံများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသူများကြား ဝေဖန်မှုများ မြင့်တက် လာခဲ့သည်။
ပုဂံဒေသသည် ယူနက်စကိုဝင်ထားသည့် ရှေးဟောင်းယဉ်ကျေးမှု ဒေသဖြစ်သည့်အတွက် ယခုလို ဘုရားကြီး အနီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေခြင်းကို ပိတ်ပင် တားမြစ်သင့်ကြောင်း ပုဂံဒေသကို ချစ်မြတ်နိုးကြသော ခရီးသွားမိဘပြည်သူများက ရေးသား အကြံပြုလျက်ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 731
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်၍ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ မိုးစပါး စိုက်ဧက သောင်းနှင့်ချီ ပျက်စီးဆုံးရှုူံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု စပါးစိုက်တောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လေးမြို့မြစ်၊ ကုလားတန်မြစ်နှင့် မယူမြစ်တစ်လျောက်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စိုက်ပျိုးထားသည့် မိုးစပါးများ ရေနစ်မြှုပ်၍ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ဟု ရခိုင်မှ တောင်သူများက ပြောသည်။
မိုးစပါးစိုက်ဧက ၁ သိန်းကျော်ရှိသည့် မြောက်ဦးမြို့နယ်တွင် ရေနစ်မြှုပ်သွားမှုကြောင့် မိုးစပါး ဧက သောင်းနှင့်ချီ ပျက်စီးသွားနိုင်ခြေရှိသည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူလယ်သမားအသင်းချုပ် အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လယ်ယာပျက်စီးမှုတွေက ရှိပါတယ်။ ကျနော်တို့ မြောက်ဦးမြို့နယ်မြောက်ပိုင်း ရန်ကုန် - စစ်တွေ ကား လမ်း အနောက်ခြမ်းတွေကတော့ သက်သာပါတယ်။ ကားလမ်း အရှေ့ဘက်ကြောတွေက တော်တော် ထိခိုက်ကြ တယ်။ တချို့နေရာတွေကတော့ လုံးဝကို အပင်မရှိတော့ဘူး။ ပြိုကျသွားတယ်၊ သေသွားတယ်။ တစ်ပိုင်းပုပ်သွား ပြီးတော့ အငုတ်ကလေးက ပြန်တက်နိုင်တဲ့ အနေအထားတွေလည်း တွေ့ရတယ်။ မြောက်ဦးမြို့နယ်နဲ့ ပြောမယ် ဆိုလို့ရှိရင် ခန့်မှန်းပြောတာပေါ့နော်။ ကျနော်တို့ မြောက်ဦးမြို့နယ်မှာ ဧက ၁ သိန်းနဲ့ ၂ သောင်းလောက် ရှိတယ်။ ရှိမယ်ဆိုရင် သောင်းကဏန်းအထိတောင် ပျက်စီးနိုင်တယ်လို့ ကျနော်တို့ သတ်မှတ်ရမှာ။ အခု ပြန်စိုက်ဖို့အတွက် မျိုးတွေဘာတွေ လိုက်ရှာနေကြပြီ။ မျိုးစပါးက ပြဿနာရှိတယ်” ဟု ပြောသည်။
ရေကြီးရေလျှံမှုဖြစ်နေစဉ်
ယခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုးစပါးစိုက်ဧက ၇ သိန်းခွဲခန့် ရှိကြောင်း၊ ပျက်စီးသွားသည့် မိုးစပါးနေရာတွင် ထပ်မံ ၍ စပါးစိုက်ပျိုးရန် ရနိုင်သော်လည်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မျိုးစပါးများ ပျက်စီး သွားခဲ့သည့်အတွက် လက်ရှိမှာ မျိုးစပါး အခက်အခဲ ရှိနိုင်သည်ဟု ရခိုင်ပြည်နယ်မှ တောင်သူများက ပြောသည်။
ဩဂုတ်လ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေ မြင့်တက် မှုကြောင့် ကျောက်တော်မြို့နယ်၌ မိုးစပါးစိုက်ဧက ထက်ဝက်ခန့် ပျက်စီးသွားနိုင်ခြေ ရှိသည်ဟု ကျောက်တော်မြို့ နယ်မှ တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လယ်ယာပျက်စီးမှုက များမယ်ထင်တယ် ကြည့်ရတာက။ အတိအကျတော့ မဟုတ်ဘူးပေါ့။ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် ပျက်မယ်ထင်တယ်။ ၃/၄/၆ သောင်းလောက် အဲဒီလိုမျိုးတော့ ထိခိုက်နိုင်တယ်။ ဦးလေးရဲ့ စပါးခင်းတွေလည်း အကုန်လုံး ပါသွားပြီ ဘာမှမရှိတော့ဘူး။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရမယ်ထင်တယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ပြန်ပြီးတော့ စပါးပြန်ကြဲရမယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ရေကြီးရေလျှံဖြစ်ပွားနေစဉ်
အလားတူ ပြီးခဲ့သည့်ရက်များက မွန်ပြည်နယ်အတွင်းရှိ ပေါင်၊ ဘီးလင်း၊ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေမှတ် ကျော်လွန်၍ ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ မိုးစပါးများ ရေနစ်မြှုပ်ခဲ့သည်။
နစ်မြှုပ်သွားသည့် မိုးစပါးများနေရာတွင် စပါးပြန်လည် စိုက်ပျိုး၍ရသော်လည်း ရက်တိုစပါးများသာ စိုက်ပျိုး၍ ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း မိုးရွာသွန်းမှု ပြန်လည်များလာပါက စပါးများ ထပ်မံပျက်စီးသွားနိုင်သည်ဟု မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ စပါးစိုက်တောင်သူ ကိုလွင်အေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရေကြီးနစ်မြှုပ်သွားတဲ့ လယ်တွေကတော့ သေကုန်တာ များပါတယ်။ သိပ်ရှင်တာ မရှိဘူးပေါ့နော်။ ကျနော် တို့ ကွင်းတစ်ဝိုက်မှာလည်း ရှိတယ်။ ကျနော်တို့ကွင်းရဲ့ ဟိုးဘက် ကျောက်ရေတွင်တို့၊ တမာဘောင်တို့ အဲဒီကွင်း တွေတော့ တော်တော်အထိနာတယ်လို့ ပြောတယ်။ ရေကျသွားတဲ့အခါမှာ သက်တမ်းတိုတဲ့ မျိုးစပါးတွေ ပြန်ကြဲ မယ်ဆိုရင် ရနိုင်တဲ့ အနေအထား ရှိတာပေါ့။ ဒါပေမယ့် ရဖို့နဲ့ မရဖို့က သေချာပေါက် တွက်လို့မရတော့ဘူးပေါ့။ ဘာကြောင့်ဆို နောက်ပိုင်းကျတော့ မိုးက များလာတယ်။ အအေးဓာတ်တွေက ပိုလာတယ်။ ဇူလိုင်၊ ဩဂုတ်ဆို တော့ မိုးကလည်း ပိုများတယ်။ ကျနော်တို့ ဒေသက။ နောက်ပြီးတော့ ရာသီဥတုကလည်း အေးလာတဲ့ အခါကျ တော့ မျိုးစပါးတွေ အောင်မြင်ဖို့တော့ တော်တော်တော့ ရာသီဥတုရဲ့ စိန်ခေါ်မှုကိုတော့ တော်တော်တော့ ရင်ဆိုင်ရ မှာပေါ့” ဟု ပြောသည်။
မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုးစပါး ပျက်စီးမှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရ များမှ စာရင်းပြုစုခြင်းများ လုပ်ဆောင်မှုမရှိကြောင်း တောင်သူများထံမှ သိရသည်။
လက်ရှိ ရေကြီးနစ်မြှုပ်သွားသည့် မိုးစပါးများ ပျက်စီးသော ပမာဏကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ စာရင်း ကောက်ယူပြီး အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့် မျိုးစပါးများနှင့် တခြားသော အကူအညီ၊ အထောက်အပံ့များ လုပ်ဆောင်ပေးသင့်သည်ဟု တောင်သူလယ်သမားများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 861
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉
ထိုင်းဗီဇာလျှောက်လိုသူများသည် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးသို့ သွားရောက်ရန် မလိုဘဲ ခရီးသွားကုမ္ပဏီ ၂၃ ခုဖြင့် စာရွက်စာတမ်းပေးပို့ကာ လျှောက်ထားနိုင်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။
ထိုသို့ ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေးကာ ထိုင်းဗီဇာလျှောက်ထားရန်ခွင့်ပြုလိုက်ခြင်းသည် အခြားမြို့နယ်ဒေသ များမှ လျှောက်ချင်သူများအတွက် ကောင်းမွန်သွားသော်လည်း ဝန်ဆောင်ခ စရိတ် ပိုမိုကုန်ကျနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
Labour Rights Foundation ၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအောင်ကျော်က “ဒါကတော့ နည်းနည်းတော့ စိုးရိမ်ချက်ရှိတယ်။ အဲဒီလို အေးဂျင့်တွေ ကြားကဝင်ရောက်လာပြီဆိုရင် နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖိုးအခ ကုန်ကျစရိတ်တွေက ထပ်ပြီး မြင့်တက်လာတာ။ တိုက်ရိုက်လုပ်သားနဲ့ ကိုယ့်နိုင်ငံတော်အစိုးရ သတ်မှတ်ထားတဲ့ ဝန်ထမ်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ပေးရတဲ့ငွေကြေးက သတ်မှတ်ထားတဲ့နှုန်းထားလောက်ပဲ ဘဏ်မှာငွေစနစ်နဲ့ သွင်းရတာ။ အဓိက ထောက်ပြချင်တာက အေးဂျင့်တွေ သုံးလိုက်တဲ့အတွက် လုပ်သားတွေအတွက် ပိုမိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ အဲဒါကို ပြောချင်တာ ဖြစ်ပါတယ်။ အဲဒီလိုမျိုးလုပ်လိုက်တဲ့အတွက်ကြောင့် နယ် ဒေသက လူတွေ ခရီးအဝေးကြီး သွားစရာမလိုဘူးဆိုတာလောက်ပဲရှိပြီးမှ ဒါပေမယ့် ကုန်ကျစရိတ်ကတော့ မြင့်တက်လာတာဖြစ်တဲ့အတွက်ကြောင့် ထင်ပါတယ် ဆိုးကျိုးတွေ ကောင်းကျိုးတွေတော့ အားလုံးရှိတာပေါ့။ ဒါပေမယ့် ဆိုးကျိုးဘက်က ပိုများပါတယ်” ဟု ၎င်းက ပြောသည်။
၎င်းကုမ္ပဏီ ၂၃ ခုစာရင်းသည် ၂၀၂၃ ခုနှစ် ဩဂုတ် ၂ ရက်မှ စတင်ကာ ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်နေ့အထိ သက် ရောက်မှုရှိကြောင်းလည်း ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။
ထိုင်းသံရုံးမှ ကုမ္ပဏီ ၂၃ ခုအား ထုတ်ပြန်ထားရာတွင် အမည်များကိုသာ ဖော်ပြထားပြီး ၎င်းတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်၊ တည်နေရာများ မပါရှိသည့်အတွက်ကြောင့် ကုမ္ပဏီအယောင်ဆောင်ကာ လိမ်လည်သူ များလည်း ရှိလာနိုင်ကြောင်း သုံးသပ်ကြသည်။
ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးတွင် ဗီဇာလျှောက်ထားနေကြသူများ
ထို့အပြင် ရေရှည်စီမံကိန်းအရ ၎င်းခွင့်ပြုထားသည့် ခရီးသွားကုမ္ပဏီများကြောင့် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ် ခဲ့ပါက ခွင့်ပြုပေးထားသည့် သံရုံးအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသင့်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီလို ကုမ္ပဏီတွေကို ခွင့်ပြုလိုက်တယ်ဆိုရင် အဓိက အာဏာကို ဆိုလိုတာ။ နဂိုကတည်းက ပွဲစားတွေက လည်း လုပ်နေတာပဲ သံရုံးတွေမှာချည်းကပ်ပြီးတော့။ ဒါပေမယ့် ဒီတစ်ခါကိုတော့ ပိုပြီးတော့ အာဏာပေးလိုက် တာပေါ့။ ဒီလိုလုပ်လို့ရပြီဆိုတဲ့ဟာကို အာဏာပေးလိုက်တာပေါ့။ ပထမတစ်ခေါက် သံရုံးမှာ လာလုပ်ရမယ် ဆိုတော့ လာလုပ်ကြတာပဲလေ။ ပွဲစားတွေပဲ လာလုပ်ကြတာပဲ။ ဒါပေမယ့် ဒီတစ်ခါကတော့ ပိုပြီးတော့ သူတို့ကို အာဏာပေးလိုက်တာပေါ့။ သူတို့ရဲ့ တံဆိပ်တုံးတွေကို သူတို့ကို တစ်ခါတည်း ထုခိုင်းလိုက်တဲ့သဘောပေါ့။ ပိုပြီးတော့ ထိခိုက်နိုင်တယ်ပေါ့ အလုပ်သမားတွေအနေနဲ့။ ဘာဖြစ်လို့လဲဆို အောက်ခြေမှာ တချိန်တုန်းက ပွဲစားနဲ့ အလုပ်သမားနဲ့ ပြဿနာတက်နေတဲ့ဟာကို အစိုးရဌာနတွေ သိဖို့တောင် တော်တော်ခက်ခဲတယ်လေ။ အခုက ပွဲစားတွေကို ပိုပြီးတော့ အာဏာပေးလိုက်တဲ့အခါကြတော့ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ တစ်စုံ တစ်ရာတွေကို သက်ဆိုင်ရာ အစိုးရသံရုံးတွေက သိဖို့ဟာ တော်တော်ခက်ခဲသွားပြီ” ဟု ၎င်းက ပြောသည်။
ထိုင်းဗီဇာလျှောက်ထားရာတွင် အဆိုပါ ကုမ္ပဏီ ၂၃ ခုမှ တဆင့် သံရုံး ရုံးပိတ်ရက်များမှလွဲ၍ တနင်္လာနေ့မှ သောကြာနေ့အထိ လက်ခံပေးသွားမည်ဖြစ်ပြီး ဗီဇာနှုန်းထားများကိုလည်း သတ်မှတ်ပေးထားသည်။
သတ်မှတ်ထားသည့် ဗီဇာကြေးနှုန်းထားများမှ Transit Visa( per entry) ကို သက်တမ်း ၃ လရှိပြီး နေထိုင်ခွင့် ကာလ ရက် ၃၀ အတွက် အမေရိကန်ငွေ ၃၅ ဒေါ်လာ၊ Single Entry Tourist Visa အား သက်တမ်း ၃ လ၊ နေထိုင်ခွင့်ကာလ ရက် ၆၀ အတွက် ဒေါ်လာ ၄၀၊ Multiple Entries Tourist Visa သက်တမ်း ၆ လ၊ နေထိုင်ခွင့် ကာလ ရက် ၆၀ အတွက် ဒေါ်လာ ၂၀၀ တို့ဖြစ်သည်။
ထို့အပြင် Single Entry Non-immigrant Visa အတွက် သက်တမ်း ၃ လ၊ နေထိုင်ခွင့်ကာလ ရက် ၉၀ အတွက် ဒေါ်လာ ၈၀၊ Multiple Entries Non-immigrant Visa အတွက် သက်တမ်း ၁ နှစ်၊ နေထိုင်ခွင့်ကာလ ရက် ၉၀ အတွက် ဒေါ်လာ ၂၀၀၊ Multiple Entries Long-term Resident Visa သက်တမ်း ၁၀ နှစ်၊ နေထိုင်ခွင့်ကာလ ၁၀ နှစ်အတွက် ဒေါ်လာ ၂၀၀၀ စသဖြင့် သတ်မှတ်ထားကြောင်း ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 878
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး ကော့ကရိတ်နှင့် မြဝတီမြို့ကြားရှိ အာရှလမ်းသစ်တွင် ကတ္တရာလမ်း ပိုင်းတချို့ ပြိုကျပျက်စီးသွားခဲ့ခြင်းကြောင့် လက်ရှိတွင် ပို့ကုန်သွင်းကုန်နှင့် တခြားသော ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ရပ်နားထားရသည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ဩဂုတ်လ ၇ ရက်နေ့တွင် ကရင်ပြည်နယ်အတွင်း မိုးရွာသွန်းမှု များပြားပြီး မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကြား အာရှလမ်းသစ်တွင် မြေကြီးကွဲအက်ပြီး လမ်းနေရာတချို့ ပြိုကျသွားခဲ့ခြင်း ဖြစ်သည်။
အာရှလမ်းပိုင်းသစ် ပျက်စီးသွားခြင်းကြောင့် ကုန်သွယ်ရေးများ ရပ်နားထားရသည့်အပြင် လမ်းဟောင်းတွင်လည်း မြေသားနိမ့်ဆင်းနေခြင်းကြောင့် ကုန်တင်ကားများ သွားလာ၍ မရကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ပုံ - ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က ကော့ကရိတ်နှင့် မြဝတီမြို့ကြားရှိ အာရှလမ်းသစ်တွင် ရေလျှံနေမှုကိုတွေ့ရစဉ်
၎င်းက “မနေ့ကမှ ဖြစ်တာဆိုတော့ ဘယ်သူမှ မသွားသေးဘူး။ လောလောဆယ်တော့ ရပ်ထားတုန်း၊ သွားလို့ကို မရဘူးလေ လူတောင်သွားမရဘူး။ ဆိုင်ကယ်တောင် သွားမရဘူး ဖြစ်နေတယ်။ လမ်းဟောင်းဘက်ကလည်း မြေ တံတားတစ်ခုက မြေသားတွေ နိမ့်နေတယ်။ လမ်းတွေက မြေသားတွေ နိမ့်နေတာ ဘာမှသွားလို့မရဘူး ရပ်သွား ပြီ။ ပြန်ပြင်ရင်တော့ ရတော့ပေါ့ ၄/၅/၆ ရက် တစ်ပတ်လောက် ကြာနိုင်တာပေါ့။ ကုန်စည်နဲ့ ပတ်သက်လို့ လော လောဆယ်တော့ အသွားအလာ ရပ်သွားတာပေါ့။ Export ရော Import ရောပေါ့။ သွင်းကုန်ရော၊ ပြည်ပပို့ကုန်ရော အကုန်လုံး ရပ်သွားတာပေါ့။ လက်ရှိအနေအထားကတော့ ကွေ့ပတ်သွားလို့လည်း မရဘူး။ လက်ရှိ မိုးကြီးနေတဲ့ အနေအထားဖြစ်တော့ ဒီဥစ္စာကိုပဲ ပြီးအောင်စောင့်ပြီးမှ သွားရမယ့် အနေအထားတွေ ရှိတာပေါ့လေ။ တခြား လမ်း တွေကလည်း သွားလို့တော့ရတယ်၊ ကုန်စည်ပို့ဆောင်ရေးကို အထောက်အကူ ပြုနိုင်လောက်အောင် သွားလို့ရတဲ့ အနေအထားမျိုး မရှိဘူးပေါ့နော်” ဟု ပြောသည်။
အာရှလမ်းဟောင်း မြေသားနိမ့်နေမှုများကို ပြန်လည်ပြုပြင်ပြီး သွားလာ၍ရသော်လည်း ကုန်သေတ္တာတင် ကွန်တိန်နာ တွဲကားများအနေဖြင့် သွားလာ၍ရမည်မဟုတ်ကြောင်း၊ ၁၂ ဘီး ကုန်တင်ကားများနှင့် တခြားသော ကုန်တင်ကားများသာ သွားလာ၍ရမည်ဟု သိရသည်။
ကွန်တိန်နာ တွဲကားများအနေဖြင့် အာရှလမ်းပိုင်းသစ် ပြန်လည်ပြုပြင်ပြီးချိန်ထိ စောင့်ဆိုင်းကြရမည် ဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပစ္စည်း စီမံဆောင်ရွက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မိုးက CNI သတင်းဌာနသို့ ပြောသည်။
ပုံ - ထိုင်း-မြန်မာ အာရှလမ်းသစ်ပေါ်က ကုန်ကားမောင်းသမား တစ်ဦးကိုတွေ့ရစဉ် (Frontier)
၎င်းက “အစ်ကို့ ကွန်တိန်နာ ကားကျတော့ ပေ ၄၀ တွဲတွေဆိုတော့လေ သွားလို့မရဘူး။ တခြားကားတွေက ၁၂ ဘီး အထိတော့ သူတို့ လမ်းဟောင်းကို ပြင်မယ်ပြောတယ်။ ၈ ရက်နေ့ သတင်းကြားတာနော် အတိအကျ မသိဘူး။ ၈ ရက်နေ့ဆိုတော့ ဒီနေ့ မနက်ဖြန်လောက်ဆိုရင် လမ်းဟောင်းဘက်က တခြားကားအသေးတွေနဲ့ ၁၂ ဘီးလောက် တော့ သွားလို့ရမယ်ထင်တယ် သူတို့ဖွင့်ပေးရင်ပေါ့နော်။ ပေ ၄၀ တွဲတွေကတော့ မရလောက်ဘူး။ လမ်းပြီး လောက်မှပဲ ရမယ်။ လမ်းမှာ တောင်ခြေမှာ ရောက်နေတဲ့ကားတွေက ဘာမှလုပ်လို့ မရဘူး။ ဒီမှာ သိပ်မဝေးသေး တဲ့ ကားတွေကတော့ ပြန်ချလို့ရတဲ့အတွက် ပြန်ချမှာပေါ့နော်” ဟု ပြောသည်။
အာရှလမ်းမကြီးသည် မြန်မာ - ထိုင်း နှစ်နိုင်ငံ ကုန်စည်သယ်ယူ ပို့ဆောင်ရေးတွင် အဓိက အရေးပါသည့် လမ်းကြောင်းတခုဖြစ်ပြီး နေ့စဉ် ကုန်တင်ယာဉ်မျိုးစုံ သွားလာနေကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်မည့်သူများနှင့် အလည်အပတ်သွားသည့် ခရီးသည်တင်ကားများ၊ ကိုယ်ပိုင်ကားများ သွားလာနေသည့် လမ်းမကြီးဖြစ်သည်။
ယခု ပျက်စီးသွားသည့် အာရှလမ်းမကြီးကို မြန်မြန်ဆန်ဆန် မပြုပြင်ပါက နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ကြန့်ကြာပြီး ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများလည်း ထိခိုက်လာနိုင်သည်ဟု ကုန်သည်များနှင့် လုပ်ငန်းရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 691
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဆံများကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တင်ပို့လျက်ရှိရာ တရုတ်နိုင်ငံကိုပါ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်းမှတဆင့် တင်ပို့ရန် တရုတ်ကုန်သည်များနှင့် မြန်မာကုန်သည်များ ဈေးနှုန်းညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
တရုတ်သို့ တင်ပို့မည့်အချိန်မှာ ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့နေမှု ကုန်ဆုံးသည့် ကာလတွင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးချိန်တွင် ပြည်တွင်းရှိ ပြောင်းဆံ လက်ကျန်များကို ပင်လယ်ရေ ကြောင်း၊ ပြည်တွင်း အစာစက်ရုံများနှင့် ဘိန်းအစားထိုး သီးနှံအဖြစ် တရုတ်နိုင်ငံသို့ ဆက်လက် တင်ပို့လျက်ရှိ သည်ဟု ပြောင်းကုန်သည်များက ပြောသည်။
ယခုလအတွင်း တရုတ်နိုင်ငံတွင် ကျင်းပမည့် ကုန်စည်ပြပွဲတွင် မြန်မာမှ ဌာနဆိုင်ရာများနှင့် ကုန်သည်များကို ဖိတ်ခေါ်ထားသည့်အတွက် ထိုပြပွဲတွင် တရုတ်နိုင်ငံသို့ ပြောင်းဆံများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန် သွယ်ရေး လမ်းကြောင်းများမှဆင့် တင်ပို့နိုင်ရန် အခွင့်အလမ်း ရရှိနိုင်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ပြောင်းဆံကို တွေ့ရစဉ်
၎င်းက “ထိုင်းဘက်ကတော့ သူတို့ ဒီလကုန်ပြီးရင်တော့ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့အချိန်ကတော့ ပြီးသွားပြီ ပေါ့နော်။ ဒါပေမယ့်လည်း ပင်လယ်ရေကြောင်းကနေ သွားတာရှိမယ်။ ပြည်တွင်း အစာစက်တွေ ရှိမယ်။ တခြား နေရာတွေမျာ သုံးဖို့အတွက်ပေါ့ ဥပမာ တရုတ်နယ်စပ်မှာ ဘိန်းအစားထိုးတို့ ဘာတို့ပေါ့နော်။ ဒေသဖွံ့ဖြိုးရေး အ တွက် အဲဒီလို ခွင့်ပြုတာရှိတယ်။ အဲဒီဟာတွေ ဆက်သွားကြမှာပေါ့။ အလားအလာကတော့ ဒီဘက်ကတော့ ထိုင်း ပြီးသွားရင်တော့ ပင်လယ်ရေကြောင်းက သွားတာတွေ၊ ပြည်တွင်း အစာစက်တွေ၊ ၃ နေရာလောက်ကို သွားဖို့ တော့ ရှိပါတယ်။ အခု တရုတ်ပြည်မှာလည်း ဒီလထဲမှာတင်ပဲ ကုန်စည်ပြပွဲတစ်ခုကို ဖိတ်ထားတာ ရှိတယ်လေ။ အဲဒီမှာလည်း တကယ်လို့ တရုတ်နိုင်ငံရဲ့ ပေးတဲ့ဈေးနဲ့ မြန်မာနိုင်ငံမှာ ဈေးချင်းကိုက်ညီတယ်ဆိုရင် တရုတ်ကို လည်း ပင်လယ်ရေကြောင်းကနေ သွားလို့ ရကောင်းရနိုင်တယ်။ နယ်စပ်ဂိတ်ကလည်း သွားကောင်းသွားနိုင်တယ် ပေါ့။ အဲဒါလေးတစ်ခုတော့ ရှိတယ်။ ဒီလထဲတင်ပဲ တရုတ်ပြည်မှာ ကုန်စည်ပြပွဲကို မြန်မာပြည်က ကုန်သည်တွေနဲ့ တိုင်းရင်းသား ပြည်နယ် ၅ ခုက ဌာနဆိုင်ရာတွေနဲ့ ကုန်သည်တွေနဲ့ ဖိတ်ကြားထားတာ ရှိတယ်လေ။ အဲဒီမှာလည်း တကယ်လို့ ပြောင်းနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေ ပါလာလို့၊ ဈေးနှုန်းကိုက်ညီလို့ ရောင်းလို့ရတယ်ဆိုရင်တော့ လည်း ဈေးကွက်အသစ်ပေါ့နော်၊ တရုတ်က ဈေးကွက်အသစ်ရယ်လို့ မဟုတ်ဘူး။ တရုတ်နဲ့က အရောင်းအဝယ် မလုပ်တာ နည်းနည်းလေးကြာတော့ ပြန်ပြီးတော့ အရောင်းအဝယ် ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်” ဟု ပြော သည်။
မြန်မာ့ပြောင်းဆံကို တွေ့ရစဉ်
တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှုသည် တရုတ် - မြန်မာ နယ်စပ်ဒေသတွင် ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းများကိုသာ တင်ပို့မှု ရှိနေကြောင်း၊ တခြားဒေသမှ ထွက်ရှိသည့် ပြောင်းများကို တင်ပို့မှု မရှိသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ဘိန်းအစားထိုးသီးနှံအဖြစ် တင်ပို့ခွင့် ရရှိသည့် ကာလသည်လည်း ၃ လ ခန့်သာရှိသေးကြောင်း သိရသည်။
ပြည်တွင်းရှိ ပြောင်းကုန်သည်များအနေဖြင့် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုများ ပြုလုပ်လိုသော်လည်း တရုတ်နိုင်ငံ မှ ဝယ်ယူသည့် ဈေးနှုန်းနည်းပါးခြင်းနှင့် တင်ပို့ရာတွင် ကုန်ကျစရိတ်များ ကြီးမြင့်ခြင်းများကြောင့် ပြောင်းတင်ပို့မှု များကို ရပ်နားလာကြကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပြောင်းကို အခွန်ကင်းလွတ်ခွင့်ကာလဖြင့် တင်ပို့မှုသည် ကုန်ဆုံးတော့မည် ဖြစ်သည့် အတွက် တရုတ်နိုင်ငံက မြန်မာ့ပြောင်းကို ဝယ်ယူပြီး ဈေးနှုန်းအဆင်ပြေမည်ဆိုပါက ကုန်သည်များအနေဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ကြမည်ဖြစ်သည်ဟု တာချီလိတ်မြို့နယ်မှ ပြောင်းကုန်သည် ကိုစိုင်းခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်နှလ ခွင့်ပြုမယ်ဆိုတာ ဒါပေမယ့် ခါတိုင်း လုပ်နေကျကတော့ ခွင့်ပြုနေကျကတော့ ဘိန်းအစားထိုး ကို ၂ လဖြစ်ဖြစ်၊ ၃ လဖြစ်ဖြစ်ပဲ ခွင့်ပြုပေးတာ။ သူ့နယ်စပ်မှာ ဘိန်းတွေ စိုက်ပျိုးတဲ့ဟာကို ပပျောက်အောင်ဆို ပြီးတော့ ဘိန်းအစားထိုးကို ပြောင်းစိုက်ထည့်၊ စိုက်ထည့်ပြီးတော့ တရုတ်အစိုးရက တာဝန်ယူပြီးတော့ လာဝယ် ပေးမယ်။ တရုတ်က ၁ လ၊ ၂ လပဲ ပြီးရင် အလုပ်ကောင်းတဲ့အချိန်၊ နည်းနည်း စီးပွားရေး မြိုင်လာတဲ့အချိန် သူပိတ် ပြီ။ တရုတ်က ပိတ်သွားလို့ အခု မပို့တာ။ တကယ်လို့ တရုတ်က ညှိနှိုင်းလို့ ဖွင့်ပေးရင် ကျနော်တို့ တာချီလိတ်က တော့ အလုပ်မဖြစ်တော့ဘူး တရုတ်ကိုပဲ ရောင်းရတော့မှာ။ တကယ်လို့ အဆင်ပြေရင် ကျနော်တို့ အဲဒီဘက် လှည့် ရင် လှည့်ရမှာ နောက်နောင် ရှေးရေးအတွက်ကိုလေ” ဟု ပြောသည်။
ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းတင်ပို့ရာတွင် ယခု ၂၀၂၃ ခုနှစ်သည် ပြောင်းကုန်သည်များ၊ သိုလှောင်သမားများအနေဖြင့် ပြောင်းဈေး အတက်အကျ မမှန်ခြင်းနှင့် ပို့ကုန်မူဝါဒ အပြောင်းအလဲများကြောင့် ဆုံးရှုံးမှုများခဲ့ကြောင်း ပြောင်းကုန်သည်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 965
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅
ယခုနှစ် မြန်မာနိုင်ငံ၏ ပြောင်းစိုက်ပျိုးမှုနှုန်းအနေဖြင့် ယခင်နှစ်များထက် လျော့ကျနေပြီး ပြောင်းသီးနှံနေရာတွင် တခြားသော သီးနှံများဖြစ်သည့် ကြံ၊ ဂျင်း၊ ငရုတ်နှင့် ပဲများကို အစားထိုး စိုက်ပျိုးလာကြသည်ဟု ပြောင်းစိုက် တောင်သူများထံမှ သိရသည်။
လက်ရှိ ပြည်တွင်း ပြောင်းဈေးနှုန်းရရှိမှုသည် နည်းပါးနေကြောင်း၊ ပြောင်းစိုက်ပျိုးသော တောင်သူများက ပြောင်းထက် အကျိုးအမြတ် ပို၍ရရှိသည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကတော့ မိုးပြောင်းကတော့ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကယားပေါ့နော် တောင်ပေါ်ပြောင်းတွေ ကတော့ အကုန်လုံး စိုက်ပြီးလို့ အပင်တွေတောင် တော်တော်ကြီးနေပါတယ်။ ဒီနေရာတွေကတော့ ပြောင်းစိုက်မှ ဖြစ်မယ့် နေရာတွေကတော့ ပြောင်းပဲ စိုက်ကြတာပေါ့။ ပြောင်းမှမဟုတ်ဘူး တခြားသီးနှံ ပြောင်းစိုက်လို့ရတဲ့ နေရာတွေဆိုရင် တောင်ပေါ်မှာလည်း ကြံတို့၊ ဂျင်းတို့ပေါ့နော် တခြားသီးနှံတွေ ပြောင်းစိုက်လာကြသလို ဧရာဝတီ တို့ ဆောင်းသီးနှံအတွက်ဆိုရင် ဧရာဝတီမှာလည်း ပြောင်းဈေးက လက်ရှိ တစ်ပိဿာကို ၁၂၅၀ ပေါ့နော်။ တစ် အိတ်ကို ၃၆၀၀၀၊ ၃၇၅၀၀ လောက်ပဲ ရှိတဲ့ အနေအထားပေါ့ ပိဿာ ၃၀ တစ်အိတ်ကိုပေါ့နော်။ ကိုက်လားဆိုတော့ သိပ်မကိုက်ချင်သေးဘူးပေါ့နော်။ မကိုက်တော့ ပြောင်းစိုက်တောင်သူတွေကတော့ ဧရာဝတီမှာက ငရုတ်တို့၊ ပဲတို့ ဘက်ကို ရောက်တာများတယ်။ မနှစ်ကထက်စာရင် ပိုတောင် များသွားနိုင်တဲ့ အနေအထား ရှိတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ပြောင်း တစ်ဧကစိုက်တဲ့ ကုန်ကျစရိတ်က ၁၅ သိန်းလောက် ရှိတယ်။ ပြောင်းတစ်ဧက အထွက် နှုန်းနဲ့ ပြန်ပြီးတော့ ဒါတောင်မှ ပိုးမွှားတို့၊ ရာသီဥတုတို့ မဖျက်ဆီးဘူး ပုံမှန်ထွက်မယ်ဆိုရင်တော့ သိန်း ၂၀ နဲ့ ၂၅ သိန်းကြားမှာ ရနိုင်တယ်။ အဲဒီတော့ တစ်ဧက ၁ ရာသီပဲ စိုက်ရတယ်။ သူတို့ဆီမှာ ၂ သီး ၃ သီးလည်း မလွယ်ဘူး။ အခုချိန်မှာ လုံးဝစိုက်လို့ မရဘူး မြစ်ရေတက်လာတာမျိုးတို့ပေါ့နော်။ ရာသီဥတု မိုးတွင်းဖြစ်လို့ဆိုပြီးတော့ စိုက်လို့ မရဘူး။ မရတဲ့အတွက်ကြောင့် ဆောင်းသီးနှံ တစ်မျိုးပဲ စိုက်ရတဲ့အခါကျတော့ တစ်ဧကကို ၁၀ သိန်းနဲ့ ၅ သိန်း လောက် ကျန်တာနဲ့ဆိုတော့ ခေတ်ကာလ အနေအထားအရ မကိုက်ဘူးပေါ့နော်။ မကိုက်တော့ တခြား တန်ဖိုး နည်းနည်း ပိုရတဲ့ ငရုတ်တို့ဟာမျိုး၊ ပဲလိုဟာမျိုးဘက်ကို တောင်သူကလည်း လှည့်သွားတယ်ပေါ့။ အခုချိန်က ပြောင်းဈေးနဲ့ ဆန်ကွဲဈေးနဲ့ဆို ဆန်ကွဲဈေးကတောင် တော်တော်ကြီးကို အပေါ်မှာ ရောက်နေတာပေါ့နော်။ ပြည် တွင်း ဈေးနှုန်းနဲ့ဆိုရင်တောင်မှ တောင်သူက ပြောင်းစိုက်ဖို့ဆို တော်တော်လေး စဉ်းစားရမယ့် အနေအထား ရောက်သွားပြီ” ဟု ပြောသည်။
ပြောင်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သည် ၁ ဧကလျှင် ၁၀ သိန်းခန့်ရှိပြီး လက်ရှိပြောင်းဈေးနှုန်းအရ ၁ ဧကလျှင် သိန်း ၂၀ ခန့် ရရှိသည့်အတွက် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးမှု ကုန်ကျစရိတ်၏ ထက်ဝက်ခန့်သာ ရရှိသည်ဟု သိရသည်။
ပြောင်းဖူးဆံကိုတွေ့ရစဉ်
ပြောင်းနေရာတွင် အစားထိုးစိုက်ပျိုးသည့် ငရုတ်သည် ၁ ဧကလျှင် သိန်း ၅၀ ခန့် ကုန်ကျသော်လည်း ရရှိသော အကျိုးအမြတ်သည် ငွေကျပ် သိန်း ၄၀ နှင့် သိန်း ၅၀ ကြားတွင် ရှိသည့်အတွက် တောင်သူများက အကျိုးအမြတ် ပိုမိုရရှိသည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြခြင်းဖြစ်သည်ဟု ပြောင်းစိုက်တောင်သူများက ပြောသည်။
ယခင်က ၁၀ ဧကတွင် ပြောင်းကို ၇ ဧကခန့် စိုက်ပျိုးပြီး ကျန်ရှိသည့် ၃ ဧကကို တခြားသီးနှံ စိုက်ပျိုးကြသော် လည်း ယခုနှစ်တွင် ပြောင်းကို ၅ ဧကခန့်သာ စိုက်ပျိုးကြောင်း၊ ကျန်ရှိသည့် ၅ ဧကကို တခြားသီးနှံ အစားထိုး စိုက်ပျိုးကြသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဒီနှစ်ကတော့ ပြောင်းကတော့ ပထမနှစ်တွေနဲ့စာရင် စိုက်အားကတော့ လျော့မှာ။ ကျနော်တို့ဘက်မှာ လည်း စိုက်အားလျော့ဖို့ သေချာသလောက်ရှိတယ်။ ဘာလို့လဲဆိုတော့ ငရုတ်တွေကလည်း ငရုတ်တော်တော် များများ အစားထိုးတယ်၊ ပဲဝင်တယ်ပေါ့။ သူက စိုက်ပျိုးမှု ကုန်ကျစရိတ်က များတယ်။ ရရှိလာတဲ့ ကုန်ဈေးနဲ့ကျ တော့ ရှုံးတာတော့ မဟုတ်ဘူး မြတ်တာတော့ မြတ်တယ်။ အမြတ်နည်းတာပေါ့။ ကျန်တဲ့သီးနှံတွေထက်စာရင် အမြတ်နည်းတဲ့နေရာမှာ ရှိနေတော့ နည်းနည်းလျှော့ကျတာပေါ့ ကိုင်းသမားတွေက။ ငရုတ်က ၁ ဧကမှာ သူက သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ သွားရင်တောင်မှ သိန်း ၁၀၀ လောက် ဝင်ငွေရှိတယ်ဆိုတော့ အများဆုံး သိန်း ၅၀ လောက် ကုန်ကျစရိတ်ချ။ ၄၀/၅၀ လောက် သူကသွားကျန်။ ပြောင်းမှာကျတော့ ၁ ဧကကို ပျမ်းမျှခြင်း ၁၀၀ နဲ့ အခုဈေး ၂ သောင်းကျော်ပေါ့ တောင်သူတွေဈေး ၁ ပိဿာကို ၁ ထောင်ပေါ့။ သူကလည်း စရိတ်က ၁၀ သိန်း လောက်သွားကျ။ အဲလောက်သွားကျတော့ ၁၀ သိန်းကျော်ကျော်လောက်ပဲ သူကကျန်။ အဲဒီတော့ တောင်သူက ငရုတ်ဘက်ကို အများဆုံးလှည့်တယ်။ ပဲဆိုလည်း ဒီအတိုင်းပဲ။ ပြောင်းလောက် လက်မရှုပ်ဘူးလေ။ ရတဲ့ အမြတ် အစွန်းမှာလည်း ပြောင်းလောက်ကို သွားရတော့ တချို့ကလည်း လက်လွှတ်တယ် ပဲကိုပဲ ပြန်လုပ်ကြတယ်။ ပြောင်းကို ၁၀ ဧကရှိလို့ရှိရင် ပထမနှစ်တုန်းက ၇ ဧကကို ပြောင်းကိုစိုက်တယ်။ ၃ ဧကကို ငရုတ်တို့၊ ပဲတို့ပေါ့လေ။ ဒီနှစ်မှာဆိုရင် အဲဒီလို မဟုတ်တော့ဘူး။ ၁၀ ဧကရှိလို့ရှိရင် ၅ ဧကလောက်က ဒီ့ပြင် သီးနှံစိုက်ပြီး ၅ ဧက လောက်တော့ ပြောင်းစိုက်။ ၃ ပုံ ၁ ပုံလောက် လျော့သွားမှာပေါ့” ဟု ပြောသည်။
ပြောင်းစိုက်တောင်သူ တစ်ဦးကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်နှစ်လျှင် ပြောင်းထွက်ရှိမှုနှုန်းသည် တန်ချိန် ၂၁ သန်းခန့်ရှိကြောင်း သိရသည်။
ပြောင်းထွက်ရှိမှုနှုန်း၏ ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းရှိ အစာစက်ရုံများက သုံးစွဲပြီး ကျန်ရှိသည့် ၆၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 742
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄
အမည်ခံ အေဂျင်စီနှင့် မမှန်မကန် လုပ်ဆောင်နေသည့် အေဂျင်စီများကို တားဆီးကာကွယ်ရေးအတွက် အမှန် တကယ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်သည့် အေဂျင်စီများသာ လိုင်စင်လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိ ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ဩဂုတ် ၂ ရက်နေ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ထို့အပြင် လိုင်စင်လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက် ရှိသည့်အထဲ၌ ပြည်ပနိုင်ငံများတွင် မိမိတို့ စေလွှတ် လိုက်သည့် အလုပ်သမားများ အကြောင်းကိစ္စ ပေါ်ပေါက်လာပါက အေဂျင်စီအနေဖြင့် အပြည့်အဝ ကာကွယ် စောင့်ရှောက် ပေးနိုင်ရေးလည်း ပါဝင်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
သို့သော် ပြည်ပအလုပ်အကိုင် အေဂျင်စီများအား လိုင်စင်အသစ် ချထားပေးရာတွင် ဝန်ကြီးဌာနအနေဖြင့် အဂတိ ကင်းရှင်းရန် အဓိကလိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှ အလုပ်သမား တာဝန်ခံ ဦးဘရီက CNI သတင်းဌာနသို့ ပြောသည်။
OWIC ရုံးကိုတွေ့ရစဉ်
၎င်းက “အဓိက အလုပ်သမားဝန်ကြီးဌာန ကနေပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် လာဘ်ပေးလာဘ်ယူ မှု တွေပေါ့။ ဒီလာဘ်ပေးလာဘ်ယူမှုတွေကို ရှောင်ရှားပြီးတော့ တိကျမှန်ကန်တဲ့ အနေအထားနဲ့ပေါ့ အရေးယူသင့် တာကို ထိထိရောက်ရောက် အရေးယူပေးဖို့ အေဂျင်စီတွေကို။ နောက်ပြီးတော့ မဖြစ်သင့်တာတွေကို မဖြစ်ရ အောင် အလုပ်သမားဝန်ကြီးဌာန ကိုယ်တိုင်က MOU လုပ်သားတွေကို ပြည်ပအတွက် ဖော်ဆောင်တဲ့ အခါမှာ သူတို့ ကိုယ်တိုင်က ကြပ်မတ်ပေးဖို့၊ အေဂျင်စီတွေ အပေါ်မှာနေပြီးတော့ ထိရောက်တဲ့ အရေးယူမှုတွေကို ဆောင် ရွက်ပေးဖို့ အဓိကတော့ လိုအပ်ပါတယ်။ အေဂျင်စီတွေအပေါ်မှာ ထိရောက်တဲ့ အရေးယူမှုတွေကို မလုပ်တဲ့ အတွက်ကြောင့် အေဂျင်စီတွေက နာမည်တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲပြီးတော့ လုပ်တဲ့ အနေအထားကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်စုနှစ်ကတည်းက ဒီပြဿနာတွေက ကြုံတွေ့နေရတာကို ကျနော်တို့ သိရတယ်။ အဲဒီ အတွက်ကြောင့် အဓိကကတော့ ပြည်တွင်းက အလုပ်သမားဝန်ကြီးဌာနကနေ ပြီးတော့ အဓိက အကျင့်ပျက်ခြ စားမှုတွေကို ရှောင်ရှားပြီးတော့ ပြည်သူ့အကျိုးအတွက်၊ အခြေခံ အလုပ်သမား လူတန်းစားအတွက် အကျိုးကို ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့အနေနဲ့ အေဂျင်စီတွေကို အဓိက ကြပ်ကြပ်မတ်မတ် လုပ်ကိုင်မယ်ဆိုရင် ဒီပြဿနာတွေက လျော့နည်းသွားမယ်လို့ ယူဆပါတယ်”ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများထဲကမှ အချို့အား အရေးယူ ဆောင်ရွက် မှုများ ပြုလုပ်လျက်ရှိပြီး ဇူလိုင်လ နောက်ဆုံးအပတ်တွင် ပြည်ပနိုင်ငံများသို့ အလုပ်သမား ပို့ဆောင်နေသော အလုပ်အကိုင် ရှာဖွေရေးအင်ဂျင်စီ (၂၅)ခုကို စည်းကမ်း ဖောက်ဖျက်သဖြင့် လုပ်ငန်းလိုင်စင်အား ရာသက်ပန် ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
အလုပ်သမားရုံးကိုတွေ့ရစဉ်
ထိုသို့ ရာသက်ပန် လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း လုပ်ဆောင်သော်လည်း အခြား လုပ်ငန်းရှင်နှင့် အေဂျင်စီ နာမည် ပြောင်းလဲ လိုင်စင်အသစ် ပြန်လည်လျှောက်ထား
သည်များလည်း ရှိသောကြောင့် အလုပ်သမားဝန်ကြီး ဌာန အနေဖြင့် သေချာစိစစ်ရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “တကယ်ရော အရေးယူသလားပေါ့။ ပုံမှန်တော့ တွေ့တော့ တွေ့နေ ရတာပဲ။ သုံးလတစ်ခါလောက်လား ခြောက်လ တစ်ခါလောက်လားမသိဘူး။ Blacklist တင်တဲ့ အေဂျင်စီတွေ ပေါ်တယ် အေဂျင်စီစာရင်းကို ထုတ်ပြန်တယ်။ အဲဒီအေဂျင်စီတွေက Blacklist ထဲဝင်သွားပြီ ဒါနဲ့မလုပ်နဲ့ပေါ့။ ဒါပေမယ့် နှစ်တော်တော်ကြာကြာတည်းက ခုနကလို ဒီနာမည်နဲ့ အေဂျင်စီတစ်ခုက Blacklist ဝင်သွားတယ်ဆို နောက်နာမည်နဲ့ ပြောင်းပြီးတော့ ဒီလိုပဲ တင်တာပဲ။ ဒါတွေကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက သိနေတာပဲ။ သိရဲ့သားနဲ့လည်း ဒီအတိုင်းဒါကို ဆက်ပြီးတော့ လုပ်နေတာပဲ။ အဓိကကတော့ တာဝန်မဲ့တဲ့ ပျက်ကွက်တဲ့၊ ချိုး ဖောက်တဲ့ အေဂျင်စီတွေဆိုရင် တကယ်ကို ထိထိရောက်ရောက် အရေးယူပြီးတော့ နာမည်ပြောင်းပြီး ပြန်တင်တဲ့ ဟာမျိုးကို မဖြစ်အောင် စိစစ်ပြီးတော့ တကယ်အရေးယူ အပြစ်ပေးရင်တော့ ဒီထက်ပိုပြီးတော့ အေဂျင်စီတွေ အနေနဲ့ ပိုပြီးတော့ ကောင်းတဲ့ အေဂျင်စီတွေပေါ့နော် တာဝန်ယူနိုင်တဲ့ အေဂျင်စီတွေ ဖြစ်လာမှာပါ” ဟု ပြောသည်။
ထို့အပြင် ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် အလုပ်သမားနှင့် စာချုပ်ချုပ်ဆိုရာတွင် စာချုပ်ပါအတိုင်း လုပ်ငန်းခွင်၊ အလုပ်အကိုင်၊ တည်နေရာ မှန်ကန်မှုရှိစေရန် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သေချာစိစစ် သင့်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။
လက်ရှိတွင် ရွှေ့ပြောင်းလုပ်သားများအား ပြည်ပနိုင်ငံသို့ စေလွှတ်ရာတွင် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် အေဂျင်စီများ ရှိသကဲ့သို့ တာဝန်ယူမှု မရှိသော အေဂျင်စီများလည်း ရှိကြောင်း သိရသည်။
တာဝန်ယူမှုရှိသည့် အေဂျင်စီဖြင့် ပြည်ပထွက်ခွာရသည့် ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း အကြောင်းကိစ္စ တစ်စုံတစ်ရာ အဆင်မပြေဖြစ်ပါက သေချာဖြေရှင်း ဆောင်ရွက်ပေးပြီး တာဝန်ယူမှုမရှိသည့် အေဂျင်စီများမှာ ပြည်ပသို့ အလုပ်သမားပို့ဆောင်ပြီးပါက မည်သည့်ကိစ္စမှ ဖြေရှင်းပေးခြင်း မပြုလုပ်ပေးကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 469
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄
ယခုနှစ် ကြံစိုက်ပျိုးသည့်ရာသီတွင် ကြံ ၁ တန်ကို ၁ သိန်း ၁ သောင်းကျပ်ဖြင့် ဝယ်ယူမည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ငွေရည်ပုလဲ သကြားစက်ရုံက ဈေးစတင်ဖွင့်လှစ်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်နှစ် ကြံစိုက်ရာသီတွင် ကြံ ၁ တန်၏ ဈေးနှုန်းသည် ၉ သောင်းခွဲခန့်သာ ရရှိခဲ့ကြောင်း၊ လက်ရှိတွင် သကြားဈေးနှုန်းသည် တစ်ပိဿာ ၃ ထောင်ကျပ် ဖြစ်ပေါ်နေခြင်းကြောင့် သကြားစက်ရုံများက ကြံ ၁ တန် ဈေးနှုန်းကို တိုးမြှင့်ဝယ်ယူလာခြင်းဖြစ်သည်ဟု ကြံစိုက်တောင်သူများက ပြောသည်။
သို့သော်လည်း စိုက်ပျိုးရေးစရိတ်၊ ကြံခုတ်ခ၊ စက်သုံးဆီ၊ အလုပ်သမားစရိတ် စသည့် ကုန်ကျစရိတ်များ မြင့်တက် လာနေခြင်းကြောင့် ယခုနှစ် ကြံရာသီအတွက် ကြံ ၁ တန်၏ ဈေးနှုန်းသည် ၁ သိန်း ၂ သောင်းကျပ် အထက် ရရှိရန် တောင်သူများက မျှော်မှန်းနေကြသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
ကြံရည် ရောင်းနေသူ တစ်ဦးကိုတွေ့ရစဉ်
“ငွေရည်ပုလဲကတော့ ဖွင့်သွားပြီ။ ၁ တန်ကို ၁ သိန်း ၁ သောင်း။ တောင်သူတွေရဲ့ သဘောထားကတော့ အခု သကြားဈေးက ၃ ထောင်ကျော်နေတာကိုး။ ၃ ထောင်ကျော်နေတာဆိုတော့ ဒီသကြားဈေးနဲ့ဆိုရင် ၁ သိန်း ၂ သောင်းခွဲလောက်ပေါ့ ရသင့်တယ်လို့ပဲ မြင်နေကြတယ်ပေါ့ အခုက ၁ သိန်း ၁ သောင်းဆိုတော့။ အခုက အကုန်လုံး အစစအရာရာ ဈေးတွေက တက်နေတာဆိုတော့ စက်ခုတ်ခတွေ၊ ဒီဇယ်ဖိုးတွေ၊ ဘာတွေညာတွေပေါ့ အကုန်လုံး ကတော့ တက်နေတာကိုး။ ဘာပဲပြောပြော အလုပ်သမားခလည်း တက်မှာပဲလေ။ အဲဒီအခါကျတော့ တောင်သူ တွေက ၁ သိန်း ၂ သောင်းအထက်ပေါ့ ၁ သိန်း ၂ သောင်းခွဲလောက်တော့ အနည်းဆုံး မှန်းတာပေါ့နော်” ဟု ပြော သည်။
လက်ရှိ ပြည်တွင်း သကြားဈေးနှုန်းသည် တစ်ပိဿာ ၃၃၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ဖြစ်ပေါ်နေကြောင်း၊ ယခု သတ်မှတ်ထားသည့် ကြံ ၁ တန် ၁၁၀,၀၀၀ ကျပ်သည် စက်ရုံအရောက် ဈေးနှုန်းဖြစ်ကြောင်း၊ ကြံရာသီ တစ်လျောက် အမြင့်ဆုံး ဈေးနှုန်းဖြစ်သည်ဟု တောင်သူများထံမှ သိရသည်။
ကြံများကို တွေ့ရစဉ်
လက်ရှိ ကြံဈေးနှုန်းသည် သကြားစက်ရုံများက စတင်ဖွင့်လှစ်သည့် သဘောအနေဖြင့် ဈေးနှုန်းသတ်မှတ်ခြင်း ဖြစ်ပြီး ဈေးနှုန်းများကို ထပ်မံတိုးမြှင့်လာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။
“၁ သိန်း ၂ သောင်းတော့ ရနိုင်ချေ ရှိပါတယ်။ သူတို့လည်း တက်ပေးမယ်နဲ့ တူပါတယ်။ သူတို့ကတော့ ထုံးစံ ကတော့ တက်ပေးတာပေါ့။ သူတို့ကတော့ ပထမတော့ စပေးမယ့်ပုံစံမျိုး၊ နောက်ကျတော့ တက်ပေးတာ များပါတယ်။ တချို့ အသံတွေ ကြားနေရတာလည်း တချို့စက်တွေက ၁ သိန်း ၃ သောင်းအထိ ပေးမယ်လို့ အသံ ထွက်နေတာပဲ။ ဒါက ဖိုင်နယ်ဆုံးဖြတ်ချက်တော့ မဟုတ်လောက်သေးပါဘူး” ဟု ပြောသည်။
ပြည်တွင်းတွင် ထုတ်လုပ်သည့် သကြားများကို ဗီယက်နမ်နိုင်ငံအား အဓိက တင်ပို့လျက် ရှိနေကြောင်း၊ ပြည်တွင်း စားသုံးမှုသည်လည်း များပြားလျက်ရှိနေသည်ဟု သိရသည်။
မြန်မာ တစ်နိုင်ငံလုံးတွင် ကြံစိုက်ဧက ၄ သိန်းခွဲကျော်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်း တိုင်းအထက်ပိုင်း ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီ၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်းတိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင် စိုက်ပျိုးကြသည်။