
- By CNI
- Category: စီးပွားရေး
- Hits: 168
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂
မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ငလျင်ဘေးဒဏ်ကြောင့် ကုန်ပစ္စည်းတချို့ စျေးနှုန်းမြင့်တက် သွားရခြင်းသည် ရောင်းလိုအားနှင့် ဝယ်လိုအားမမျှတခြင်းကြောင့်ဖြစ်သလို ကုန်သည်များ၏ မတော်လောဘ ကြောင့်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦး မှ CNI သတင်းဌာနကို ပြောသည်။
ငလျင်ဒဏ်ကြောင့် သီးနှံစိုက်ပျိုးမြေဆီလွှာပျက်စီးခြင်းများ၊ ဆောက်လုပ်ရေးပစ္စည်းလိုအပ်ချက်များ၊ လမ်းတံတား ပျက်စီးမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အဲများ အစရှိသည်တို့ကြောင့်လည်း ယခုလို စျေးနှုန်း မြင့်တက်သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။
“အဓိက အကြောင်းအရင်းပေါ့ နောက်တခုကတော့ ဒီ ကုန်သည်တွေရဲ့မတော်လောဘလည်းပါနိုင်တယ်။ ဥပမာ- ဆောက်လုပ်ရေးပစ္စည်းတွေဆိုလို့ရှင်ရင် ငလျင်ဒဏ်လုံးဝမဖြစ်တဲ့ မကွေးတိုင်းလိုနေရာမျိုးမှာ ဘာမဆိုင်ညာမ ဆိုင် ဒီ ဘိလပ်မြေဈေးတွေတက်တာပေါ့။ ဒါမျိုးကျတော့ ဒီ ရောင်းလိုအားဝယ်လိုအားစောင့်နေတယ်လို့ အဲ့ဒေသ မှာကျ ပြောလို့မရဘူးပေါ့နော်။ အဲဒီကျတော့ ဆိုလိုတာက ဒီပစ္စည်းဈေးတက်တာတွေသည် ရောင်းလိုအားနဲ့ဝယ် လိုအား မမျှတ တာကြောင့်လည်းဖြစ်နိုင်သလို ဒီ ကုန်သည်တွေရဲ့ လွန်ကဲတဲ့ လောဘကြောင့်လည်း ဖြစ်နိုင်တယ်။ ရောင်းလိုအားနဲ့ဝယ်လိုအား မမျှတဘူးဆိုရင်လည်း ဒါ သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေပေါ့ အစိုးရလည်း ပါရင်ပါမယ်။ ဥပမာ-ကုန်သွယ်ရေးများအသင်းလိုဟာမျိုးလည်းပါ ရင်ပါမယ်၊ ဒီ ဝယ်လိုအားတက်နေတဲ့ ပစ္စည်း တွေကို အချိန်မီတင်သွင်းနိုင်အောင်ပေါ့နော် ဈေးကွက်ထဲကိုရောက်အောင်လုပ်ပေးသင့်တယ်။ ဒါမှ ပြည်သူတွေက ဒီ ငလျင်ဘေးသင့်တဲ့အတွက် ပစ္စည်းဥစွာတွေနဲ့ အိုးအိမ်ဆုံးရှုံးထားတယ်ဆိုတဲ့ ပြည်သူလူထုအပေါ်မှာ ဈေးတက် တယ်ဆိုတဲ့ဒဏ် ထပ်မခံရအောင်ပေါ့နော်” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အရေးပေါ်အခြေနေမျိုးတွင် အစိုးရအနေဖြင့် သက်ဆိုင်ရာကုန်သည်များနှင့် ညှိနှိုင်းခြင်း သို့မဟုတ် ပြည်ပမှ တင်သွင်းသည့် ပစ္စည်းဖြစ်လျှင် အခွန်ကြီးကြပ်မှု မူဝါဒများအား အပြောင်းအလဲ လုပ်ပေးခြင်း၊ သွင်းကုန်ပို့ကုန် မူဝါဒများကို ခြွင်းချက်အနေဖြင့် အပြောင်းအလဲ လုပ်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်းများ သက်သာစေရန် လုပ်၍ ရနိုင်ကြောင်း ၎င်းက ဆိုသည်။
ဒါ့အပြင် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်စျေးနှုန်းတက်သည့် ဒဏ်ကို ပြည်သူလူထုက ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နေကြရသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက CNI သတင်းဌာနကို ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားတယ်။ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းသွားတယ်။ ဒီ အသီးအရွက်စိုက်ပျိုး တဲ့ လူတွေ တနေရာက တနေရာ သယ်ရတယ်ပေါ့။ သယ်ရတဲ့ အခက်အခဲတွေ အရမ်းစျေးကြီးသွားတယ်ပေါ့နော်။ အဲဒါကြောင့်အဖက်ဖက်ကပေါ့၊ ကုန်စျေးနှုန်းဆိုတာကလည်း ဒါ စားသောက်ကုန် ကုန်စျေးနှုန်းအကြောင်းကိုပဲ အန်တီ ပြောမယ်လေနော်။ ဆီစျေးကလည်း အထိုက်အလျောက်ကျတာမရှိဘူးပေါ့နော်။ အဲဒီအခါကျတော့ အဲ့တာတွေနဲ့ ပက်သက်ပြီးတော့ အားလုံး ဒါဆုံပြီးတော့ တက်သွားတာ။ ဒါကလည်းအဆန်းမဟုတ်ပါဘူး တက်နေ ကြပါပဲ၊ စျေးနှုန်းက ဒီနိုင်ငံမှာ အမြဲတမ်းတက်နေကြပါပဲ။ ကျတယ်ဆိုတာကို မရှိဘူးနော်။ အစိုးရကလည်း နေပြည်တော်မှာကလည်း ထိခိုက်တာလည်း ရှိတယ်လေ၊ ရှိတော့ နေပြည်တော်ကလည်း သူတို့ရဲ့ လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ဖို့ဆိုတဲ့နေရာမှာ တော်တော်လေးပုံမှန်ပြန်ဖြစ်ဖို့ကို တော်တော်လေးကို ကြိုးစားနေ ရတဲ့ အနေထားရှိတယ်။ ဒါကြောင့်မို့ ဒီအချိန်ကျတော့ အန်တီတို့ကလည်း အစိုးရကို ဘာမလုပ်ပေးဘူး၊ ညာမလုပ် ပေးဘူးဆိုပြီးတော့ ဘယ်လိုပြောမလဲ အပြစ်တင်ချင်တဲ့ စိတ်တောင်မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လည်း တော်တော်လေးကို အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်ပေါ့နော်” ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာ ညိုညိုသင်း က ပြောသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ နေအိမ် ၄၈၈၃၄ လုံးနှင့် ဘုရားစေတီပုထိုးပေါင်း ၅၂၇၅ ဆူ ပြိုကျ ပျက်စီးခဲ့ပြီး ဆည်မြောင်းတမံ ၁၉၈ ခု၊ တံတား ၁၄၈ စင်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး ကားလမ်း၊ ရထားလမ်းပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် အမြန်လမ်းမကြီးတလျှောက် အပိုင်း ၁၄၈ ခု ထိခိုက်ပျက်စီးခဲ့သည်ဟု နစက၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 238
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
မြန်မာနိုင်ငံတွင် မေလ ၁၂ ရက်နေ့မှစ၍ လေဆိပ်အခွန် တိုးကောက်မည်ဖြစ်ကြောင်း ကြေညာထားခြင်းကြောင့် ခရီးသွားကဏ္ဍကို ထိခိုက်နိုင်လားဆိုသည့်အပေါ် ခရီးသွားလုပ်ငန်းရှင်များကြား ထောက်ပြလျက်ရှိနေသည်။
လေဆိပ်အခွန် တိုးကောက်မှုကို မလုပ်သင့်ကြောင်း၊ လေဆိပ်အခွန် တိုးကောက်ခြင်းက ခရီးသွားများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟိုဟာ(အဆင်မပြေ)ဖြစ်တာပေါ့ အမှန်က ၃ လလောက် ကြိုလုပ်ရမှာ ဘာလို့ဆို အထူးသဖြင့်တော့ လေယာဥ်လက်မှတ်တွေ ထုတ်ထားတဲ့ အတွက်ကြောင့် မူလ လေယာဥ်လက်မှတ်မှာ ၁၀ ဒေါ်လာ ထည့်ထားပြီး သားပေါ့၊ ဒါပေမယ့် ၁၅ ဒေါ်လာဖြစ်သွားတော့ မူလလေယာ ဥ်လက်မှတ်မှာ ၅ ဒေါ်လာ ထည့်ပေါင်းရမှာပေါ့။ ပေါင်းရတဲ့ခါကြတော့ ဗမာပြည်က Tourism outbound တွေရော နောက် နိုင်ငံခြားသားဆိုတော့ပေါ့နော် သူတို့ ထပ်ပေးရတဲ့ဟာ ပြတာမျိုးတော့ ဒါနည်းနည်း မတည်ငြိမ်မူတွေ ကုန်ကျစရိတ်တွေလည်း ထပ်ရှိနေမယ်ဆိုရင် တော့ ဒါကြီးက Image အနေနဲ့ မကောင်းဘူးပေါ့”ဟု ပြောသည်။
လေဆိပ်ဝန်ထမ်းများကိုတွေ့ရစဉ်
သက်ဆိုင်ရာက လေဆိပ်အခွန် တိုးကောက်မည်ဟု သတ်မှတ်လာသော်လည်း မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၏ ဝန်ဆောင်မှုများသည် ခရီးသွားများအတွက် စိတ်ကျေနပ်စေသော ဝန်ဆောင်မှုများ မပေးနိုင်ဘဲ ဖြစ်နေသည်ကိုလည်း ဖြေရှင်းပေးသင့်ကြောင်း ခရီးသွားများက ထောက်ပြကြသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အများသုံး သန့်စင်ခန်းများ ညစ်ပတ်နေခြင်း၊ မိုးတွင်းကာလ မိုးယိုခြင်း၊ လေဆိပ်အတွင်း ပူလောင်ခြင်း၊ ဝန်ထမ်းများ၏ ဆက်ဆံရေးများ ညံ့ဖျင်းခြင်း၊ အများသုံး သောက်သုံးရေတွင် တစ်ခါသုံး ရေခွက်များ မလုံလောက်ခြင်း အပါအဝင် တခြားသော ကိစ္စရပ်များကို ခရီးသွားများ ကြုံတွေ့နေကြရ သည်။
လေဆိပ်အခွန် တိုးကောက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် ဝန်ဆောင်မှုကိုလည်း ပေါ်လစီတစ်ခု ချမှတ်၍ ဆောင်ရွက်ပေးသင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုတွေ့ရစဉ်
၎င်းက “အဓိက,ကတော့ အခွန်တစ်ခု ကောက်ပြီးသွားရင် ဒီအခွန် ကောက်လိုက်တဲ့အတွက် နောက်ဆက်တွဲ ကိစ္စလေးတွေ အပြောင်းအလဲလေးတွေကတော့ ကြုံနိုင်တာပေါ့။ ဒီဘဏ္ဍာရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာ အရ ဒီလိုမျိုးတွေပေါ်မှာ သက်ရောက်မှုရှိနိုင်တယ်။ အဲတော့ ပြည်တွင်းမှာ သက်ရောက်မှုတွေ ရှိနိုင်တယ်ပေါ့နော်၊ ဒါတွေပေါ်မှာ အစိုးရအနေနဲ့ ကြိုစဥ်းစားထားပြီးပြီလား။ ဒီပေါ်မှာရော တကယ်လို့ သက်ရောက်မှုက ပြင်းပြင်းထန် ထန် ဖြစ်သွားမယ်ဆိုရင် စျေးကွက်က မားကပ်စ် စျေးကွက်ကို ဘယ်လိုထိန်းကြောင်းမလဲပေါ့။ ဒါလေးတွေ စဥ်းစားထားဖို့ လိုပါတယ်၊ ဝန်ဆောင်မူကတော့ စောနပြောသလို သင့်တင့်မျှတသော ဝန်ဆောင်မှုရှိရမယ်ပေါ့။ အခွန်တိုးကောက် လိုက်ပြီးဆိုတော့ ဒါကတော့ ပိုပြီးတော့မှ ပေါ်လစီ ဝန်ဆောင်မှု ဖြစ်ရမှာပေါ့နော်။ ဒါကတော့ အခွန်တိုးကောက်မှ ဝန်ဆောင်မှုက ဖြစ်သင့်တာမဟုတ်ဘူး အရင်ကတည်းကိုက ကျနော်တို့ သင့်တင့်မျှတတဲ့ ဝန်ဆောင်မှုတွေ ရှိရမယ်ပေါ့၊ အခွန်တိုးကောက် လိုက်ပြီးဆိုတော့ ဝန်ဆောင်မှုကတော့ ပိုလည်းကောင်းအောင် လုပ်သင့်တာပေါ့”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှစ၍ ခရီးသည်ဝန်ဆောင်ခ(PSC)အနေဖြင့် နိုင်ငံတကာ ထွက်ခွာမှုအတွက် ၂၅ ဒေါ်လာ၊ ပြည်တွင်း ထွက်ခွာမှုတွင် ၁၅,၀၀၀ ကျပ်အထိ ချိန်ညှိပေးမှာဖြစ်သည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်လေဆိပ် ဝန်ဆောင်မှု အခွန်သည် ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ပြည်တွင်း ခရီးများအတွက် ယခင်က ကျပ် ၃၀၀၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါမှာတော့ ကျပ် ၁၅,၀၀၀ တိုးကောက်လိုက်ခြင်းကြောင့် ၅ ဆ နီးပါး တိုးမြှင့်သွားကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 457
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာပို့ကုန်များအား အခွန် ၄၄ ရာခိုင်နှုန်း စည်းကြပ်မည့်အတွက် အခြား ပို့ကုန်ကဏ္ဍအပြင် အထည်ချုပ်လုပ်ငန်းများမှာ ပိုမို အခက်တွေ့နိုင်ကြောင်း စီးပွားရေးပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂ ရက်က ကမ္ဘာ့နိုင်ငံ အသီးသီးအပေါ်သို့ ကောက်ခံမည့် အခွန်နှုန်းထား များကို တိုးမြှင့်လိုက်ရာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။
ထိုသို့ အခွန်စည်းကြပ်မှု အပါအဝင် ငလျင်ဘေးကြောင့် ရှိနေပြီးသား ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် ရုန်းကန်ရမည့် အနေအထားရှိကြောင်း၊ အခြားသော ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်လာရန် မျှော်လင့်ရခက်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ထရမ့် ကနေပြီးတော့မှ ကုန်သွယ်ခွန်တွေကို တိုးမြှင့်လိုက်တဲ့အထဲမှာ မြန်မာပြည်လည်းပါတယ်။ ဒီဧပြီလထဲ ထင်တယ်။ အခု အထည်ချုပ်တွေ ဒုက္ခရောက်မယ်လို့ အသံထွက်နေတာပေါ့။ မြန်မာပြည်က တချို့ brand တွေက မြန်မာပြည်မှာ ချုပ်တာပေါ့။ ချုပ်ပြီးတော့မှ ပြန်ပို့ရတာလေ။ အဲဒီအတွက် အခွန်အခတွေ မြင့်လာပြီဆိုရင် ဒီမှာအထည်ချုပ်စက်ရုံတွေ ရပ်တည်နိုင်မှုကအစ ပြဿနာတက်ပြီပေါ့။ ဆိုတဲ့အခါကြတော့ ရှိနေပြီးသား investment တွေတောင်မှ ဒီလိုကုန်သွယ် Trade War ကြောင့်မို့လို့ တော်တော်လေးကို struggle လုပ်ရမယ့် အနေအထား ဖြစ်နေတဲ့အခါမှာ နောက်ထပ် investment ရောက်လာဖို့ဆိုတဲ့ဟာကတော့ မလွယ် လောက်ဘူးပေါ့နော်။ တစ်ခုရှိတာကတော့ နစကဥက္ကဋ္ဌက ရုရှားနဲ့ ဘယ်လာရုစ်ကို သွားတုန်းကတော့ လက်မှတ် ထိုးခဲ့တာတွေရှိတယ်။ စွမ်းအင်ကဏ္ဍတို့ လုပ်မယ့်ဟာတွေကတော့ မပြောတတ်ဘူး။ နဂိုစီစဉ်ထားတဲ့အတိုင်း ဝင်လာမလားလို့။ ဒါပေမယ့် တခြား investment တွေကတော့ မျှော်လင့်ဖို့ သိပ်ခက်တယ်။ အခု Trade War ကြောင့်လည်းပါတယ်။ နောက်တစ်ခုက infrastructure ကြောင့်လည်း ပါတယ်ပေါ့။ အခုဆိုရင် မန္တလေးမြို့မှာ ငလျင်ဘေးသင့်တဲ့ ဒေသမှာတောင်မှ လျှပ်စစ်မီးတွေ ပုံမှန်ပြန်ပြီး မပေးနိုင်သေးဘူးပေါ့။ ဒီလိုအနေအထားနဲ့ ကတော့ investment ထပ်ဝင်လာဖို့ ဖြစ်နိုင်ခြေ တအားနည်းတယ်။ သူက Trade War ကြောင့် charges တွေ အရမ်းမြင့်တဲ့အတွက် ရှိနေပြီးသား investment တွေတောင် မနည်းရုန်းကန်ရမယ့် အနေအထားဖြစ်နေပြီ ဆိုတော့လေ” ဟု ပြောသည်။
ကုန်ထုတ်ဆိပ်ကမ်းကို တွေ့ရစဉ်
ယခုကဲ့သို့ အခွန်တိုးကောက်ခြင်းသည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် မျှတမှုရှိရေး၊ အလွန်အကျွံ အမြတ် မထုတ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထား သည်။
အမေရိကန်အနေဖြင့် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၈၀ ကျော်အပေါ် အခွန်တိုးမြှင့်လိုက်ခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများအပြားအပေါ် စံချိန်တင် အခွန်တိုးမြှင့်ကောက်ခံမှု ဖြစ်လာကြောင်း နိုင်ငံတကာမှ ထောက်ပြမှုများရှိသည်။
ထိုသို့ အခွန်တိုးမြှင့်မှုကြောင့် အမေရိကန်မှ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းအပေါ် မူတည်ပြီး အခွန်နှုန်းထား သက်သာသည့် နိုင်ငံများကို ရွေးချယ်ကာ ဝယ်ယူသွားကြမည့် အနေအထားဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာငလျင်ဘေး ကယ်ဆယ်ရေးလုပ်နေကြစဉ်
၎င်းက “သူလည်းခံရမှာပဲ။ တရုတ်ပြည်က ပို့တယ်ဆိုရင် ဒါ သွင်းကုန်ခွန် ခေါ်တာပေါ့။ သွင်းကုန်ခွန်ဆိုတာ အမေရိကားက သွင်းတဲ့လူတွေက ခံရမယ့်ပိုက်ဆံ၊ ဆိုတော့ အမေရိကားက လူတွေက ခံရမယ့်ဟာဆိုတော့ အမေရိကန် importer တွေက ဈေးနှုန်းတင်မှာလေ။ တင်တော့ ဘယ်သူနောက်ဆုံး ထိမလဲဆိုတော့ အမေရိကန် စားသုံးသူပဲထိမှာပေါ့။ တစ်ခုရှိတာက ဗမာနိုင်ငံအနေနဲ့ကြတော့ နဂိုကတည်းက ထိလွယ်ရှလွယ် ဖြစ်နေတာပေါ့ လေ။ တစ်ခုတော့ရှိတာပေါ့ ရွေးချယ်စရာ ပစ္စည်းတွေရှိတယ်ဆိုရင် ဗမာပစ္စည်းနဲ့ တရုတ်ပစ္စည်းနဲ့၊ ဗမာပစ္စည်းနဲ့ ဗီယက်နမ်ပစ္စည်းနဲ့ ရွေးချယ်စရာ ရှိတယ်ဆိုရင်တော့ အမေရိကန်က importer တွေက သွင်းကုန်ခွန် လျော့နည်း တဲ့တိုင်းပြည်ကို ရွေးပြီးဝယ်သွားမှာပေါ့။ ဥပမာ ဆန်ပေါ့ ထိုင်းကိုကြတော့ လျှော့ပေးထားတယ်၊ ဗမာပြည်ကို ၃၄ ဆိုရင် ထိုင်းကနေ သူဝယ်သွားမှာပေါ့။ ထရမ့်က လုပ်တယ်ဆိုတာ သူ့တိုင်းပြည်ထိခိုက်တာ တစ်(ကယ်)ကိစ္စပေါ့ ကျနော်တို့လည်း ထိခိုက်နိုင်တာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှု၊ သဘာဝဘေးအန္တရာယ်များ၊ အခြေခံ ကုန်စည်ရှားပါးမှု တို့ကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၂၅ ခုနှစ်၊ မတ်လ၌ အနုတ် ၁ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၁၁ ရက်ထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီအရင်ခံစာတွင် ပါရှိသည်။
သို့သော် ထိုအစီအရင်ခံစာသည် မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ မှတဆင့် စီးပွားရေး သက်ရောက်နိုင်မှု အခြေအနေများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပေ။

- By CNI
- Category: စီးပွားရေး
- Hits: 389
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၉
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဘေး၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ပိုမိုများပြားလာနိုင်ကြောင်း စီးပွားရေးပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေး မြို့တော်ဖြစ်သည့် မန္တလေးမြို့သည် ငလျင်ဘေးကြောင့် နေရာအများစု ပျက်စီးခဲ့ ရသဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ ကြာရှည်နိုင်သောကြောင့် အလုပ်လက်မဲ့နှုန်း တက်လာနိုင်ဖွယ် ရှိသည်ဟု စိုက်ပျိုးရေးနှင့်စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်လက်မဲ့နှုန်းတွေ ပိုများလာနိုင်ခြေတော့ရှိပါတယ်။ မန္တလေးမြို့ဆိုလည်း ဒုတိယအကြီးဆုံး မြို့ထဲမှာ ပါတယ်။ သူ့ရဲ့ အဲဒီမှာ လည်ပတ်နေတဲ့ business တွေလည်း အများကြီးရှိတယ်လေ။ အခုဆို မြို့ကြီးတစ်မြို့လုံး က မြို့ပျက်ကြီးလို ဖြစ်သွားတယ်။ တချို့ရပ်လိုက်ရတဲ့ဟာတွေ ရှိတယ်ဆိုတော့ အနည်းနဲ့အများတော့ အလုပ် လက်မဲ့နှုန်းတွေကတော့ တက်လာမှာပေါ့။ အချိန်တစ်ခု ပြန်ယူပြီးတော့မှ ပြန်လည်တည်ဆောက်ရဦးမယ့် အတွက်ကြောင့်မို့လို့ လုပ်ငန်းတွေလည်း ချက်ချင်းလည်ပတ်ဖို့က ခက်တယ်။ အဓိကကတော့ မန္တလေးမြို့ အထိ နာတဲ့ နေရာမှာရှိတဲ့ လုပ်ငန်းတွေပေါ့။ အလုပ်လက်မဲ့နှုန်းကတော့ အရင်ထက်စာရင် နည်းနည်းလေး တိုးလာဖို့ရှိ မယ်၊ နိုင်ငံခြားထွက်တဲ့ နှုန်းတွေလည်း ပိုများလာမယ်လို့ ထင်တယ်” ဟု ပြောသည်။
ငလျင်ကြောင့် ပြိုသွားတဲ့ အိမ်ကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၅၃ ရာ ခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆၉ ရာခိုင်နှုန်း ရှိကြောင်း နိုင်ငံတကာ အစီရင်ခံစာများတွင် ဖော်ပြ ထားကြသည်။
ထိုသို့ တစ်နှစ်ထက်တစ်နှစ် အလုပ်လက်မဲ့နှုန်း ပိုမိုများပြားလာသည့် မြန်မာနိုင်ငံတွင် လက်ရှိ ငလျင်ဘေးကြောင့် ပုဂ္ဂလိကလုပ်ငန်းများ၊ အစိုးရယန္တရားများ ပျက်စီးခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေး မလုပ်နိုင်သည်အထိ ယာယီ ရပ်ဆိုင်းနေဦးမည့် အနေအထားဖြစ်သည်။
ငလျင်ပြီး နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြန်မြန်ဆန်ဆန် ပြီးမြောက်ရန်မှာ မဖြစ်နိုင်ကြောင်းလည်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
ထိုအခင်းအကျင်း၌ တိုင်းသူပြည်သားတစ်ယောက် ဆင်းရဲသွားခြင်းက တိုင်းပြည်ဆင်းရဲသွားခြင်းနှင့် ထပ်တူကျ သည်ဟု စဉ်းစားတွေးခေါ်မိရန်လိုကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ငလျင်ကြောင့် ပြိုသွားတဲ့အိမ်မှာ ကယ်ဆယ်ရေးလုပ်နေကြစဉ်
၎င်းက “စဉ်းစားပုံစဉ်းစားနည်းက အားလုံးအတွက် စဉ်းစားတဲ့နေရာမှာ တိုင်းသူပြည်သားတစ်ယောက် ဆင်းရဲ သွားတာသည် တိုင်းပြည်ဆင်းရဲသွားတာနဲ့အတူတူပဲ အဲဒီလိုတွေးဖို့လိုတာပေါ့ ကျနော့်အမြင်ကလေ။ စီးပွားရေးမှာ ဝန်ထုပ်ဝန်ပိုး ထပ်ဖြစ်တာပေါ့။ မန္တလေး ဘာညာဆိုရင် ပုဂ္ဂလိက အလုပ်တွေ ရပ်သွားနိုင်တာပေါ့။ အစိုးရ အလုပ် တွေကလည်း ရပ်သွားနိုင်တာပေါ့။ သိပ်အပျက်အစီးများရင် ဒီယန္တရားကြီးကို လည်ပတ်ဖို့အတွက် ဘယ်လိုလုပ် မလဲဆိုတာ ချက်ချင်းလုပ်လို့ရတဲ့ ကိစ္စတွေမဟုတ်ဘူး။ ပုဂ္ဂလိကကဏ္ဍက လောလောဆယ် မန္တလေး ဘာညာ စီးပွားရေးက အမှန်တိုင်းပြောရရင် ဗမာပြည်ရဲ့ ဒုတိယလူဦးရေ အများဆုံးမြို့လေ။ Business မြို့တော်ပေါ့။ အထက်ဗမာပြည်ရဲ့ဗဟိုပေါ့။ သူ့မှာ ထိခိုက်သွားတဲ့ အခါကြတော့ သူ့မှာလည်း စီးပွားရေးလုပ်ငန်းတွေ အချို့ ဟာတွေ တော်တော်လေး ထိခိုက်သွားတာပေါ့။ ထိခိုက်တဲ့ အခါကြတော့ တချို့ကုမ္ပဏီတွေက ပုဂ္ဂလိက လုပ်ငန်း တွေမှာ အလုပ်လက်မဲ့တွေ ဖြစ်သွားနိုင်တာပေါ့။ ဝယ်လိုအားကျမှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိသည့် ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပုဂ္ဂလိကလုပ်ငန်း အပါအဝင် အစိုးရလုပ်ငန်းများ၏ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သော်လည်း ပမာဏအတိအကျ ထုတ်ပြန်ထားခြင်း မရှိသည်ကို တွေ့ရသည်။
ပြိုကျပျက်စီးမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုမူ စတင်ခြင်း မရှိသေးပေ။
ထို့ပြင် ငလျင်ဘေး ကူညီမည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ နစကထံ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဧပြီ ၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးမှာ ပြောကြားထားသည်။
ထိုသို့ သွားရောက်ကူညီရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားရန်ကိုလည်း မူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 496
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၄
စစ်ရေးပဋိပက္ခများတွင် သုံးစွဲနေရသည့် ဘတ်ဂျက်များကြောင့် အရေးပေါ် အခြေအနေများတွင် ကူညီကယ်ဆယ် ရေးလုပ်ငန်းများလုပ်ဆောင်ရာ၌ ဘတ်ဂျက် အားနည်းမှုများရှိနေကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် တိုင်းပြည်တွင် အထွေထွေ ယိုယွင်းပျက်စီးမှုများ ရှိနေသည့်အပြင် အကျင့်ပျက်ခြစားမှုများ၊ ဝန်ထမ်း ယန္တရား အားနည်းမှုများ ရှိသောကြောင့် ကယ်ဆယ်ရေး အစီအမံများ လုပ်ရမည့်အချိန်တွင် အားနည်းချက်များ ရှိသွားကြောင်း ၎င်းက ပြောသည်။
ဦးကိုကိုကြီးက “ပြောရရင်တော့ သာမန်အခြေအနေ မဟုတ်တဲ့ အကြောင်းကိုပဲ စပြောရမယ်ထင်တယ်၊ အဲတော့ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံက အရင်းအမြစ်တွေ တော်တော်များများက ပျက်စီးသွားတယ်၊ အဲတော့ ကိုဗစ်ကပ်ဘေး ကနေစပြီးတော့ ဖြစ်လာတာတွေကလည်း တစ်လှိုင်းပြီးတစ်လှိုင်းပေါ့၊ တစ်ခုပြီးတစ်ခု ဖြစ်လာ တယ်၊ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခရော အခုတစ်ခါ ပြီးခဲ့တဲ့ အတောအတွင်းက ကျနော်တို့ ရေဘေး၊ အဲဒီဟာပြီး တော့ အခုတစ်ခါ ငလျင်ဘေး ဖြစ်တဲ့အခါကျတော့ ဌာနဆိုင်ရာတွေမှာလည်း CDM ကိစ္စကြောင့်မို့လို့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးပိုင်းတွေမှာ တော်တော်ကို အားနည်းသွားတယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ အခု အရေးပေါ် ကယ်ဆယ်ရေး အစီအမံတွေ လုပ်ရမယ့်အချိန်မှာ အားနည်းချက်တွေ ရှိတာတော့ အမှန်ပါပဲ၊ အထွေထွေ ယိုယွင်း ပျက်စီးမှုပဲ၊ အဲတော့ အကျင့်ပျက်ခြစားမှုတွေလည်း ရှိတာအမှန်ပဲ၊ နောက်တစ်ခါ ဝန်ထမ်းယန္တရားမှာလည်း အားနည်းချက်တွေပေါ့နော်၊ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေတာတွေလည်း အများကြီး ဖြစ်တယ်ပေါ့၊ နောက်တစ်ခု ကတော့ စစ်ရေးပဋိပက္ခမှာ သုံးစွဲနေရတဲ့ ဟာတွေကလည်း တကယ့်တကယ် အရေးပေါ် အခြေအနေတွေ သုံးစွဲတဲ့ အခါမှာ အားနည်းမှုတွေ ရှိတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေး ဦးဇော်ဇော် အလှူငွေထည့်ဝင်နေစဉ်
မြန်မာနိုင်ငံတွင် ကြီးမားသည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုများအား ကူညီကယ်ဆယ်ရေးအတွက် အလှူငွေပေးအပ်ပွဲ လုပ်ခဲ့ရာ စုစုပေါင်း ကျပ် ၁၁၆ ဒသမ ၈၄ ဘီလီယံ အလှူငွေ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင် နိုင်ရန် ငွေကျပ် ဘီလီယံ ၅၀၀ အထိ အသုံးပြုသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ အမြန်ပြုလုပ်ရန် လိုကြောင်း၊ ထိုမှတဆင့် လွှတ်တော်ပေါ်လာမည် ဖြစ်သောကြောင့် တိုင်းပြည် ဘတ်ဂျက် စီးဆင်းမှုအား ပြည်သူများ ပြန်လည်သိရှိပါက ကောင်းမွန်သည့် ပြောင်းလဲမှုအား ရွေ့သွားနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သမ္မတဦးသိန်းစိန် လက်ထက်တို့၊ ဒေါ်အောင်ဆန်းစုကြည် လက်ထက်တို့ ဒီလက်ထက် ၂ ခုမှာကတော့ ကျနော်တို့က ဘတ်ဂျက်တွေက လွှတ်တော်ကနေတဆင့် ဖြတ်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြည်သူတွေ အနေနဲ့ မြင်ရတယ်ပေါ့လေ၊ ဘတ်ဂျက်တွေက ဘယ်လိုသွားနေတယ်၊ ဘယ်နေရာကို ဘယ်လိုသုံးနေတယ်ဆိုတဲ့ ဟာကို ကောင်းကောင်းသိရတာပေါ့၊ အခုကျတော့ ဘတ်ဂျက်က ဘယ်လိုဖြတ်ပြီးတော့ ဘယ်နေရာကို ဘယ်လောက်သုံးမလဲဆိုတဲ့ဟာ မသိရဘူးပေါ့နော်၊ ဘတ်ဂျက်ကော်မတီကပဲ သူ့ဘာသူ လုပ်နေတဲ့သဘော ဖြစ်တာကိုး၊ ပြီးရင် နောက်တစ်ခါ ဒီလိုမျိုး အရေးပေါ် သဘာဝဘေးအန္တရာယ် အတွက်ကိုက သမ္မတရဲ့ အရေးပေါ် ရန်ပုံငွေဆိုပြီးတော့မှ ဘီလီယံ ၁၀၀ ကျပ်ကိုက အမြဲတမ်းဆောင်ထားတဲ့ ဟာရှိခဲ့တယ်၊ အခုကျတော့ အဲဟာရှိ လား၊ မရှိလားဆိုတာလည်း မသိတော့ဘူးပေါ့နော်၊ ထားတယ် မထားဘူးဆိုတာလည်း မသိရဘူး ဖြစ်နေတာကိုး၊ ဒီအတွက်ကြောင့်မို့လို့ အမြဲတမ်း ပြောနေတဲ့ကိစ္စက ရွေးကောက်ပွဲ မြန်မြန်လုပ်မှဖြစ်မယ်၊ အဲဒါဆိုရင် လွှတ်တော် တွေ ပေါ်လာမယ်၊ လွှတ်တော် ပေါ်လာခြင်းအားဖြင့် ကျနော်တို့ ဒါတွေအကုန်လုံး ပြည်သူတွေက ပြန်လည်သိခွင့် ရှိသွားရင် ဒါကောင်းမွန်တဲ့ ပြောင်းလဲမှုကို ရွေ့သွားနိုင်တယ်ဆိုတဲ့ဟာကို ကျနော်တို့က အမြဲတမ်းဒါကိုပဲ ပြောနေရ တာပေါ့နော်”ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန် တွေ့ဆုံစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက် နံနက် ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၌ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံမှုဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်အား မသိရသေးသော်လည်း နီးစပ်သူများကတော့ ရွေးကောက် ပွဲ ကျင်းပနိုင်ရေး အခြေအနေ၊ ငလျင်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အခြေအနေ၊ နှစ်နိုင်ငံ စီးပွားရေး အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင်ကြီး တစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်များအတွင်း လူပေါင်း ၃၀၈၅ ဦးသေဆုံးပြီး ၄၇၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၃၄၁ ဦးပျောက်ဆုံးနေကြောင်း ဧပြီ ၃ ရက် နံနက် ၈ နာရီအထိ နောက်ဆုံးရစာရင်းကို နစက-က ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 594
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁
ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် လိုအပ်သောပစ္စည်းများကို ဈေးရောင်းချသူများအနေဖြင့် ဈေးမတင်ကြရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်နေသည့် မြန်မာနိုင်ငံမှ ပရဟိတအသင်းများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် သေဆုံးသူ အလောင်းများအား သယ်ယူသည့် အိတ်များမှာ ဈေးနှစ်ဆခန့် မြင့်တက်နေကြောင်း၊ အခြား ကယ်ဆယ်ရေးသုံး ပစ္စည်းများမှာလည်း လိုအပ်ချက်ရှိကြောင်း ပရဟိတအသင်းများထံက သိရသည်။
ရာသီဥတု ပူပြင်းမှုနှင့်အတူ နေအိမ်၊ အဆောက်အအုံ ပြိုကျမှုတွင် ပိတ်မိကာ သေဆုံးသူများ၏ အနံ့အသက် များလည်း ထွက်နေသည့်အတွက် အလောင်းသယ်ယူသည့် အိတ်များကို အထူးနှုန်းထားတစ်ခုဖြင့် ရောင်းချပေး စေလိုကြောင်း မန္တလေးတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေး အသင်းမှဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
ကိုဇွဲရန်နိုင်က “စျေးနည်းပြီး အသင့်တင့်ရှိတဲ့ ပစ္စည်းတွေက အခုဒီအချိန် လိုအပ်ချက်တွေ ရှိလာတဲ့အခါမှာ ဈေးတွေ အများကြီး တက်လာတာတွေရှိတယ်။ အများပြည်သူ အလှူငွေကို အခြေခံပြီးတော့ သုံးစွဲရတဲ့ လူမှုရေး အဖွဲ့အစည်းတွေအတွက် အခက်အခဲများစွာ ကြုံတွေ့ရပါတယ်။ ဝယ်လို့မရဘူးဆိုတဲ့ ကဏ္ဍကတော့ မရှိပါဘူး။ အဓိက,ကတော့ ကယ်ဆယ်ရေး volunteer တွေအသုံးပြုတဲ့ ဦးထုပ်တို့၊ ဖိနပ်တို့ စတဲ့ပစ္စည်းတွေကတော့ ပြတ်တာတွေရှိတယ်။ dead body bag တွေကတော့ ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်လာတယ်။ အရင်တုန်းက ၃၅၀၀၊ ၄၀၀၀ ရှိတာက အခုဆိုရင် ၉၅၀၀၊ ၁၀၀၀၀ အထိ ဖြစ်လာတယ် အဲဒီလိုမျိုးတွေတော့ ရှိနေပါတယ်။ ဒါတွေကို အဖွဲ့အစည်းတွေအတွက် အထူးနှုန်းတစ်ခုအနေနဲ့ ရောင်းပေးနိုင်တယ်ဆိုရင်တော့ နွေလည်း ပြင်းလာပြီ ဖြစ်တဲ့အတွက် တိုက်တွေအောက်မှာ ပိတ်မိနေတဲ့ body တွေက အနံ့ထွက်လာတာ မျိုးတွေရှိတယ်။ ဒီ dead body bag တွေနဲ့ ပြည့်ပြည့်စုံစုံ သေသေချာချာ ထုတ်ပိုးမှသာလျှင် အဆင်ပြေမယ့် အနေအထားဆိုတော့” ဟု ပြောသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းတို့၌ ပြိုကျပျက်စီး ခဲ့ရသည့် နေအိမ်၊ အဆောက်အအုံများတွင် ပိတ်မိနေသည့် ရုပ်အလောင်းများ၊ အသက်ရှင် ကျန်နေသူများကို ယနေ့အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်သည်။
ထိုသို့ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များမှ လာရောက် ကူညီ ပေးကြသည့် အခါမျိုးတွင် ဘာသာစကား အခက်အခဲမှလွဲ၍ အခြားအခက်အခဲ မရှိကြောင်းနှင့် ကူညီကယ်ဆယ် ရေး အတွေ့အကြုံများစွာလည်း ရရှိကြောင်း ပရဟိတအသင်းများထံက သိရသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အလွန်ပြင်းထန်သည့် ငလျင်ပြီးနောက် မတ်လ ၃၁ ရက်နေ့အထိ ငလျင်ငယ်လေးများမှာ ဆက်တိုက် လှုပ်ခတ်နေမှုများ ရှိနေသေးကြောင်း ပရဟိတအသင်းများထံက သိရသည်။
ထို့ကြောင့် လက်ရှိတွင် ပြိုကျပျက်စီးခဲ့သည့်အထဲ မပါသွားသည့် နေအိမ်၊ အဆောက်အအုံများတွင် နေထိုင်သူများ အနေဖြင့် ခိုင်ခံ့မှု ရှိ/မရှိ မသေချာပါက ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင် နေထိုင်ကြရန်လည်း ပရဟိတအသင်း များက အကြံပြုသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်
ထို့ပြင် လက်ရှိ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးဆိုင် သမားများအနေဖြင့် ဈေးမတင်ဘဲ ပုံမှန်နှုန်းထားဖြင့်သာ ရောင်းချပေးစေလိုကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ပရဟိတအသင်းတစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သဘာဝဘေး ဖြစ်လာပြီဆိုရင် ဈေးအရောင်းအဝယ် လုပ်နေတဲ့လူတွေက ဈေးတင်ပြီး ရောင်းကြတာဟာ အမှန်တိုင်းပြောရရင် ထုံးစံလိုတောင် ဖြစ်နေပါပြီ။ မြန်မာလူမျိုးဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းတဲ့ လူမျိုးမှာ။ ၁၀၀ မှာ ၂၀ လောက်ကတော့ ဒီလိုအနေအထားပေါ့။ တကယ့် တကယ်တမ်း သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့ နေရာတွေမှာ ရှိရင်းစွဲထက်ကို မလိုအပ်ဘဲ အများကြီး ပေးရတာမျိုးတွေ ကြတော့လည်း အဆင် မပြေဘူးပေါ့။ အဲဒီအတွက် ကျနော်တို့အနေနဲ့ စီးပွားရေးသမားတွေ၊ အထူးသဖြင့် အများပြည်သူနဲ့ ဆက်စပ်နေတဲ့ ဈေးဆိုင်သမားတွေကို ပြောချင်တာကတော့ ကျေးဇူးပြုပြီးတော့ ဈေးတွေကို မတင်ဘဲနဲ့ ပုံမှန်ဈေးအတိုင်းပဲ အများပြည်သူကို ရောင်းချပေးဖို့ လိုတယ်။ မိမိရဲ့စီးပွားရေးကို ရှေ့တန်းမတင်ဘဲ အများပြည်သူ အဆင်ပြေစေဖို့ အတွက် လူမှုရေးစိတ် စေတနာရှေ့ထားပြီး ရောင်းချပေးကြဖို့လည်း နှိုးဆော်ပါတယ်” ဟု ပြောသည်။
မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိသည့် ငလျင်လှုပ်ခတ်သွားမှုကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတို့၌ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး လူသေဆုံးမှုမှာလည်း ထောင်နှင့်ချီ ဆက်တိုက်တွေ့ရှိ နေသည်။
အသက်ရှင် ကျန်ရစ်သူများမှာလည်း ဆက်လက်ရှိနေသေးကာ မန္တလေးတွင် မတ်လ ၃၁ ရက်နေ့အထိ လူပေါင်း ၄၀၀ ကျော်ကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 796
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်၍ ဓာတ်မြေဩဇာ ထုတ်လုပ်မှုကဏ္ဍတွင် ဘယ်လာရုစ် နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဓာတ်မြေဩဇာ တင်သွင်းမှုအပိုင်းကို အဓိကမြှင့်တင်လိုခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ဦးစား ပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်မှုကဏ္ဍတွင် ဘယ်လာရုစ်နိုင်ငံမှ မိတ်ဖက် စီးပွားရေး လုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အလေးထားဖိတ်ခေါ်လိုခြင်းဖြစ်သည်”ဟု ပြော သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ် ဒုဝန်ကြီးချုပ်ကို တွေ့ရစဉ်
စိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှုမှာ ဘယ်လာရုစ်နိုင်ငံက ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေသည်ကို အားလုံးကလည်း သိကြကြောင်း၊ မြန်မာနိုင်ငံသည် ရေမြေ သဘာဝကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတော် ၏ အဓိကကုန်ထုတ်လုပ်ငန်းများအဖြစ် မြှင့်တင်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထိုထုတ်ကုန် လုပ်ငန်းများမှ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် သတင်း အချက်အလက်နှင့် နည်းပညာပိုင်းတွင် ရှေ့တန်းကို ရောက်ရှိနေပြီဖြစ်သည့် ဘယ်လာရုစ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ပြီး စက်မှုလယ်ယာစနစ်ဖြင့် Smart Agriculture အဖြစ် အဆင့်မြှင့်တင်လိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဘယ်လာရုစ်နိုင်ငံ ဒုဝန်းကြီးချုပ်ကလည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး လုပ်ငန်းကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ယခုကဲ့သို့ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ စီးပွားရေး ဖိုရမ်ကို ကျင်းပခြင်းဖြင့် နှစ်နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် ကျင်းပနေစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်ကာ လက်နက်ကိုင် ပဋိပက္ခများ နိုင်ငံတစ်ဝန်း ဖြစ်ပွား နေခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများမှာ ကျဆင်းလျက်ရှိနေသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား သွားလာရေး လုံခြုံမှု မရှိခြင်းနှင့် အဖွဲ့ အစည်းပေါင်းစုံ၍ ငွေကြေးကောက်ခံမှုများ အပါအဝင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ထားခြင်းကြောင့် စိုက်ပျိုးရေးအတွက်လိုအပ်သော ဓာတ်မြေဩဇာသည် ဈေးနှုန်းများ ကြီးမြင့်နေသလို လိုသလောက်လည်း ဝယ်ယူ၍ မရဘဲ ဖြစ်နေသည်။
အလားတူ ဓာတ်မြေဩဇာများကိုလည်း အလွယ်တကူ သယ်ယူခွင့်များ မရှိဘဲ စစ်ဆေးမေးမြန်းမှု တင်းကြပ်လျက် ရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ တဖြေးဖြေး ကျဆင်းမှုဖြင့် ကြုံတွေ့နေရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 429
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအပေါ် အဖမ်းအဆီး ကြမ်းနေပြီး မြန်မာနိုင်ငံသား အများစု ဖမ်းဆီးခံနေရကြောင်း သက်ဆိုင်ရာနိုင်ငံများမှ အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုဖမ်းဆီးမှုများအတွင်း မြန်မာနိုင်ငံသား ထောင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း၊ မလေးရှားနိုင်ငံ၌ ယခုကာလအတွင်း ဖမ်းဆီးမှုသည် အကြမ်းဆုံးဖြစ်ကြောင်း မလေးရှားရှိ ရတနာစက္ကနာရေးကူညီမှု အသင်းမှ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးအောင်က “နိုင်ငံခြားသား ကင်းစင်ရေးဆိုတာနဲ့သွားကြတာ။ နေ့စဉ်လည်း ဖမ်းတာပဲ။ အဓိက,ကတော့ မလေးရှား ပြည်သူတွေရဲ့ တောင်းဆိုချက်ပေါ့။ ပြည်သူတွေမှာ အလုပ်လက်မဲ့ဖြစ်ပြီးတော့ နိုင်ငံခြားသားတွေမှာ အလုပ်တွေ ကိုယ်စီကိုယ်စီ ရှိကြတယ်ပေါ့။ ဒီနိုင်ငံသားကြတော့ ဒီနိုင်ငံသားသူဋ္ဌေးတွေက မခန့်ကြဘူး ငွေရေး ကြေးရေး လစာကွာတာတွေ အဲဒါတွေပါတာပေါ့။ မလေးရှားပြည်သူတွေရဲ့ တောင်းဆိုမှုနဲ့ နိုင်ငံခြားသား ကင်းစင် ရေး အကုန် တစ်မြို့မကျန်ပေါ့ အကုန်လုံးကို လိုက်ဖမ်းတော့တာ။ အိမ်တွေလည်း ဖမ်းတယ်။ club တွေလည်း ဖမ်းတယ်။ အခုဆိုရင် စက်ရုံတွေလည်း ဖမ်းတယ်။ အရင့်အရင်တုန်းကဆိုရင် စက်ရုံတွေကို ဝင်ခဲတယ်။ ဖမ်းတာ မရှိဘူး။ အခုက စက်ရုံတွေရော တံခါးတွေ ရိုက်ချိုးဖျက်ပြီးဖမ်းတာ။ ရထားပေါ် ဖမ်းတယ်။ ကားပေါ်ဖမ်းတယ်ပေါ့။ ကျနော်တို့နေခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပြီ မလေးရှားမှာ။ ဒီနှစ်က အဖမ်းအကြမ်း ဆုံးပဲပေါ့” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးနေစဉ်
ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ဂရုတစိုက် ဆင်ခြင်နေထိုင်ကြရန် သက်ဆိုင်ရာနိုင်ငံများမှ အလုပ်သမား အရေး ဆောင်ရွက်နေသူများက အကြံပြုကြသည်။
ထိုင်းရဲချုပ်က ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားနေထိုင်မှုများကို စောင့်ကြည့် ဖော်ထုတ်အရေးယူရန် ဖေဖော်ဝါရီ ၁၇ ရက်တွင် အမိန့်ထုတ်ပြီးနောက် ၇ ရက်အတွင်း နိုင်ငံခြားသား ၉၅၃၂ ဦးကို ဖမ်းဆီးခံခဲ့ရသည်။
ထိုဖမ်းဆီး ခံရသူများထဲတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား လုပ်ကိုင်ခွင့် တားမြစ်ထားသော အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသား ၄၈၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်၌ သတင်းထုတ်ပြန်ထားသည်။
လာမည့် ကာလများတွင် ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုများပြားလာနိုင်ရန် ရှိ/မရှိ မပြောနိုင်သော်လည်း ထိုင်းရဲချုပ် ကိုယ်တိုင် အမိန့်ထုတ်ထားသည့်အတွက် စိုးရိမ်စရာကောင်းသည့် လက္ခဏာဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထိုင်းရဲချုပ်က ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို စနစ်တကျ စစ်ဆေးအရေး ယူရမယ်လို့ ပြောလိုက်တဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ အပတ်ကပဲ လူပေါင်း ၉၀၀၀ ကျော်လောက် ဖမ်းလိုက်တာကို ကြားသိရတယ်။ အခုချိန် အခြေအနေမျိုးမှာ ပထမအသုတ်ကတော့ လူသစ်တွေ ပန်းရောက်ကဒ် ရိုက်တာတို့ စာရွက်စာတမ်းတို့ကတော့ ရကုန်ကြပြီဆိုတော့ သူတို့အတွက်က သိပ်အန္တရာယ်မရှိဘူး။ သို့သော် လုံးလုံ မှတ်ပုံတင် အသစ်ကို မလျှောက်ထားဘဲနဲ့ ဒီအတိုင်းမှေးပြီးမှ အကြောင်းကြောင်းကြောင့်ပေါ့ ငွေရေးကြေးရေး မပြည့်စုံလို့ ဘာလို့ညာလို့ မမီလိုက်လို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဆက်လက်ပြီး ရှာဖွေစစ်ဆေးနေတဲ့ သဘောရှိတယ်။ များသွားမလား၊ လျော့သွားမလား တပ်အပ်မပြောနိုင်သော်လည်း ထိုင်းရဲချုပ်ကိုယ်တိုင်က ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ထိထိရောက်ရောက် ရှာဖွေစစ်ဆေးအရေးယူဖို့ အမိန့်ထုတ်လိုက်တာ ကတော့ အင်မတန် စိုးရိမ်စရာကောင်းတဲ့ လက္ခဏာလို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကို မြန်မာသို့ ပြန်မပို့ရေး ဆန္ဒပြတောင်းဆိုနေကြစဉ်
လက်ရှိတွင် မြန်မာနိုင်ငံသား အများစုသည် ထိုင်းအစိုးရက အသိအမှတ်ပြု လုပ်ပေးနေသော ပန်းရောင်ကတ် (ခေါ်) အလုပ်သမားကဒ်များ ပြုလုပ်ရန် စောင့်ဆိုင်းနေကြရပြီး အမည်စာရင်း (Name List) မှတ်ပုံတင်ထားသည့် ပထမအဆင့်ကိုသာ ပြီးစီးထားကြသူများအတွက်မူ စိုးရိမ်စရာမရှိကြောင်း သိရသည်။
သို့သော် ဖေဖော်ဝါရီ ၁၃ ရက်တွင် နေထိုင်ခွင့် သက်တမ်း ကုန်ထားသော မြန်မာအလုပ်သမားများသည်လည်း သက်တမ်းတိုးခွင့်ရရန် စောင့်ဆိုင်းနေကြလျက်ရှိသည်။
ထို့ပြင် အဖမ်းအဆီးများ ကြမ်းနေသဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံကို ရောက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နေရပ်ပြန်မပို့ရန် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြိုမှာရှိသည့် မလေးရှားသံရုံးနှင့် ထိုင်းသံရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများက မတ်လ ၄ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြသေးသည်။

- By CNI
- Category: စီးပွားရေး
- Hits: 566
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
အွန်လိုင်ငွေပေးချေမှုကို မြန်မာကြူအာ(MMQR)စနစ်ဖြင့် ငွေပေးချေမည့် စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုများ မဖြစ်အောင် စနစ်တကျစောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင် အသုံးပြုခြင်း အခမ်းအနားသို့ တက်ရောက်စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထို့ကြောင့် လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကြူအာကုတ်စနစ်၊ မြန်မာကြူအာ(MMQR) ကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
မိမိတို့နိုင်ငံတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နိုင်ငံတော်အဆင့် စံနှုန်းတစ်ခုဖြစ်သည့် မြန်မာကြူအာ (MMQR)ကို ယခုကဲ့သို့ တည်ထောင်နိုင်သည့်အတွက် နိုင်ငံတကာနှင့်ချိတ်ဆက် ဆောင်ရွက်ရသည့် ငွေရေးကြေး ရေး ဆိုင်ရာလုပ်ငန်းများနှင့် ငွေလွှဲပြောင်းပေးပို့မှုများကို အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချစွာဖြင့် အခြားနိုင်ငံ များနည်းတူ ရင်ဘောင်တန်း ဆောင်ရွက်လာနိုင်တော့မည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်၏ ဒစ်ဂျစ်တယ် စီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုးလာ ရန်အတွက် တွန်းအားပေးသည့် စနစ်တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာတိုးတက်လာသည့်နှင့်အတူ တွန်းအား ပေးသည့် စနစ်တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာတိုးတက်လာသည့်နှင့်အတူ ယခုကဲ့သို့ စနစ်တကျ အဆင်ပြေ ချောမွေ့အောင် စီမံဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ တစ်ဘက်တွင်လည်း အွန်လိုင်းလိမ်လည်မှုများ မဖြစ်အောင် စနစ်တကျ စောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ရန်လည်း လိုအပ်မည်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျားဖြန့်ဟု ခေါ်သည့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ အခြေစိုက်၍ နိုင်ငံတကာသို့ အွန်လိုင်းငွေလိမ်လည်မှုများ ပြုလုပ်နေခြင်းကြောင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။
ထို့နောက် နိုင်ငံတော်ကနေ အွန်လိုင်းငွေလိမ်လည်ဂိုဏ်း (ကျားဖြန့်)နှိမ်နင်းရေးကို တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံ ပူးပေါင်း၍ ဆောင်ရွက်နေရသည်။
ထို့ကြောင့် မြန်မာပြည်သူလူထုကြား ဒစ်ဂျစ်တယ်ငွေကြေး လွှဲပြောင်းမှု ဝန်ဆောင်ခြင်း လုပ်ငန်းများအပေါ် စိုးရိမ် စိတ်များ ဖြစ်ပေါ်နေသည်။
ယခု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မိတ်ဆက်လာသည့် MMQR စနစ်ကို မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များအသီးသီး ဖြင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
MMQR စနစ် မိတ်ဆက်ခြင်း အခမ်းအနားသို့ AYA Bank သူဋ္ဌေး ဦးဇော်ဇော်၊ CB Bank သူဋ္ဌေး ဦးခင်မောင်အေး၊ A Bank သူဋ္ဌေး ဦးဇော်ဝင်းရှိန်တို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 656
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံထဲသို့ တစ်ပတ်ကဒ် ကိုင်ဆောင်ကာ သွားရောက် သူများအနက် အသက်(၃၅)နှစ်အတွင်းရှိ လူငယ်များအား ထွက်ခွာခွင့် ကန့်သတ်ပိတ်ပင်ထားကြောင်း ဒေသခံ များက CNI သတင်းဌာနသို့ ပြောသည်။
တစ်ပတ်ကဒ် ကိုင်ဆောင်ထားသူများအနက် အသက်(၃၅)နှစ်အောက် အမျိုးသားများနှင့် အသက်(၂၇)နှစ်အောက် အမျိုးသမီးများ ပါဝင်သော်လည်း ကျန်အသက်အရွယ်များမှာ ထွက်ခွာခွင့်ရှိကြောင်း၊ စာအုပ်အနီကိုင်ဆောင်ထား သူများမှာမူ အသက်ကန့်သတ်ချက် မရှိဘဲ မှတ်ပုံတင်၊ စမတ်ကဒ်တို့ဖြင့် ဝင်/ထွက်ခွင့် ပြုထားကြောင်း နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သောင်တင်တာပေါ့။ တချို့ကြတော့ မဝင်ရဘူး။ ဟိုဘက်မှာ အလုပ်ရလည်း ပြန်လှည့်ရတယ်။ တချို့ကြ လည်း မူဆယ်မှာပဲ ကြုံရာအလုပ်တွေ လုပ်နေကြတယ်။ မူဆယ်က ဆောက်လုပ်ရေးလုပ်ငန်းတွေတောင် ပစ္စည်း အဝင်၊အထွက်တွေက အကန့်အသတ်ဆိုတော့ နေ့တိုင်းမဆင်းရဘူး။ ပစ္စည်းကုန်သွားရင် ရပ်၊ ပစ္စည်းပြန်ရောက် လုပ် အဲဒီလိုမျိုးဖြစ်နေတာ။ အစိုးရချင်းများ လုပ်ထားလားမသိဘူး။ ဟိုဘက်ကလည်း မရဘူး။ အစိုးရချင်းများ ညှိထားလား မရဘူး။ စာအုပ်အနီကတော့ သူ့ရဲ့ သက်တမ်းရှိတယ်။ စာအုပ်ကုန်သွားပြီဆိုရင် အသစ်လုပ်ရတယ်။ တစ်ပတ်ကဒ်ကတော့ ၇ ရက်ပေါ့။ စာအုပ်အနီ ကတော့ ဝင်ချင်တဲ့အချိန် ဝင်တာပေါ့။ တချို့ စီးပွားရေးသမားတွေ နေ့စဉ်ဝင်နေကြတာ။ ဒီမှာတော့ ဟိုဘက်ထဲ ဝင်တဲ့နေရာမှာ အမြဲတမ်း လူပြည့်နေတာပဲ။ သက်ဆိုင်ရာ မြို့နယ် တွေကနေ စစ်မှုထမ်းကင်းလွတ်ခွင့် ထောက်ခံစာ အဲဒီလိုမျိုးတွေ ပါရင်တော့ သွားလို့ရတယ်” ဟု ပြောသည်။
တရုတ်ဘက်ကိုသွားရောက် စောင့်နေကြသူများကိုတွေ့ရစဉ်
ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းသည် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ် ၂ ခုလုံး ပါဝင်ကြောင်း ဒေသခံများထံက သိရသည်။
ထွက်ခွာခွင့် ကန့်သတ်ထားသည့် အသက်အရွယ် အပိုင်းအခြားသည် စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် အရွယ်များဖြစ်သောကြောင့် စစ်မှုထမ်းခွင့်နှင့် ဆက်စပ်မှုရှိနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။
မြန်မာဘက်အခြမ်းမှ ထွက်ခွာခွင့် ရခဲ့သည်ရှိသော်လည်း တရုတ်ဘက်သို့ ရောက်ပါက ၎င်း အသက်အရွယ် အတွင်း ဝင်သူများဖြစ်လျှင် ပြန်လွှတ်ကြောင်းလည်း ဒေသခံများထံက သိရသည်။
မူဆယ်မြို့တွင် တရုတ်သို့ သွားရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်နေသူဦးရေမှာ နေ့စဉ် ရာနှင့်ချီရှိပြီး ယခင်က စမတ်ကဒ်ရှိမှ ထွက်ခွာခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုအခါမှာတော့ အသက်ကန့်သတ်ချက်ဖြင့် ထပ်မံ ပိတ်ပင်လိုက်သဖြင့် မူဆယ်မှ ပြန်ဆင်းသွားကြသူများလည်းရှိကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ဘက်ကိုသွားရောက် စောင့်နေကြသူများကိုတွေ့ရစဉ်
၎င်းက “အခုလက်ရှိကတော့ သူတို့မရဘူးလို့ ပြောတာပဲ။ ဒီဘက် ဝင်မယ့်ကလေးတွေ ရှိတယ်လေ။ အရင်ကထက် လူလည်းများတယ်။ အခုအပြင်မှာ ရောက်တဲ့သူတွေတောင် မဝင်ရသေးဘူး။ သူတို့က ပေါ်လစီအမျိုးမျိုး ပြောင်း နေတော့ ကျနော်တို့လည်း အရူးဖြစ်နေပြီ ကြာလို့ရှိရင် အနေအထားက။ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေ တာလေ။ အဆင်းကတော့ လွယ်ပါတယ်။ အတက်ကြတော့ နည်းနည်းလေး မှတ်ပုံတင် အနေအထားတွေ တိတိကျကျ မသိပေမယ့် အကန့်အသတ်တော့ ရှိတာပေ့ါ” ဟု ပြောသည်။
မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်အား တရုတ်ဘက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ပြီး ဆင်ဖြူနယ်စပ်ဂိတ်တွင် ပစ္စည်းအဝင်/အထွက် ပြုလုပ်ကာ နန်းတော် နယ်စပ်ဂိတ်တွင် လူအဝင်/အထွက် ပြုလုပ်ကြသည်။
နန်းတော်ဂိတ်ပေါက်တွင် တရုတ်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းများ၌ သွားရောက် လုပ်ကိုင်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 586
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများအား နှိမ်နင်းရန် ထိုင်းအစိုးရမှ လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြန့်ဝေမှုများကို ဖြတ်တောက်ထားခြင်းကြောင့် ကျားဖြန့်လုပ်ငန်းထက် ဒေသခံလူထုကို ပိုမိုထိခိုက်စေကြောင်း မြဝတီဒေသခံအချို့မှ CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံမှပေးသည့် လျှပ်စစ်မီးများကို မြဝတီဆေးရုံကြီး၊ ဘဏ်လုပ်ငန်းနှင့် အခြား တရုတ်စီးပွားရေး လုပ်ငန်း များကသာ အသုံးပြုကြခြင်းဖြစ်ပြီး ဒေသခံလူထုမှာမူ ဒေသတွင်း လျှပ်စစ်မီးကိုသာ သုံးစွဲကြသဖြင့် ပြဿနာမရှိ ကြောင်း ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ဒေသခံများသည် ထိုင်းဘက်မှ စက်သုံးဆီများကို အားထားနေရသောကြောင့် ယခုကဲ့သို့ ထိုင်းဘက်မှ ပိတ်လိုက်သဖြင့် တစ်လီတာကို ပုံမှန် ၇၀၀၀ ကျပ် ဝန်းကျင်ပေးရသည်မှ ယခုအခါတွင် ၁၅,၀၀၀ ကျပ်အထိ ပေးနေရကြောင်း အလင်းသစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောင်စာဆီ ဖြတ်တောက်တာနဲ့ပတ်သက်ပြီး မြဝတီပြည်သူတွေကတော့ အကုန်လုံးလိုလို အားလုံးပေါ့။ ကျနော်တို့ အပါအဝင် အားလုံး အခက်တွေ့သွားတယ်။ အခက်တွေ့သွားတယ်ဆိုတာက ကျနော်တို့ အဓိကက ထိုင်းဘက်ကမ်းက လောင်စာဆီကိုပဲ အားကိုးပြီး ရပ်တည်နေရတာဆိုတော့ သူတို့ဖြတ်တောက်လိုက်တော့ ဆိုင်တွေမှာ ဆီကို အချိန်ပိုင်းပဲ ရောင်းပေးတယ်။ ရှိတဲ့အချိန်ပေါ့။ မရှိရင်တော့ ဆိုင်ပိတ်ထားတာပေါ့။ ရှိတဲ့အချိန် ရောင်းပေးတဲ့အချိန်မှာ တိုးဝှေ့ပြီး ဝယ်ကြရတာပေါ့။ စက်သုံးဆီကတော့ ပုံမှန်ထက် ဈေးတက်တယ်။ အခုက မြဝတီမှာ မှောင်ခိုဈေးကွက်တစ်ခု ပေါ်လာတာပေါ့ နှစ်ဆလောက်ကို တင်ပြီးတော့ အပြင်ဈေးတွေနဲ့ ရောင်း နေကြတာ။ မြဝတီမြို့ထဲကို တစ်ပိုင်တစ်နိုင်လောက်ပဲ ဝင်တာရှိတယ်။ ဆီဘောက်စာ ကားကြီးတွေနဲ့ ဝင်တာ တော့ မရှိဘူး။ အောက်ကနေတက်တာ ရိုးရိုး ဆီပေပါပေါ့ လီတာ ၂၀၀ ကျော်တွေနဲ့ပဲ ဝင်တာရှိတယ်။ တစ်ပိုင် တစ်နိုင်ကားတွေနဲ့ အပေါ်တင်ပြီး ရောင်းတာမျိုးတွေပဲ ရှိတယ်။ စက်သုံးဆီကတော့ ဒေသခံ ပြည်သူ အားလုံးပဲ ပြောရမှာပေါ့။ ဒုက္ခရောက်နေတာမျိုးတွေ့ရတယ်” ဟု ပြောသည်။
မြဝတီမြို့မှာ စက်သုံးဆီထည့်ရန် စောင့်နေကြစဉ်
အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များအား နှိမ်နှင်းရန် ထိုင်းအာဏာပိုင်များက မြဝတီမြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားခြင်းဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်ဗက်တာ၊ ဆိုလာပြား စသည့် လျှပ်စစ်ပစ္စည်းများ အပါအဝင် ထိုင်းနိုင်ငံ၏ ထုတ်ကုန် ၁၂ မျိုးကိုလည်း မြန်မာပြည်ထဲ တင်ပို့ခွင့်ကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။
လျှပ်စစ်မီးကို ထိုင်းဘက်မှ ဖြတ်တောက် လိုက်သည့်အတွက် မြဝတီဆေးရုံကြီးတွင် အနည်းငယ် ဒုက္ခရောက် သွားစေကြောင်းလည်း ဒေသခံများထံက သိရသည်။
ယခုကဲ့သို့ လျှပ်စစ်မီး ဖြတ်တောက်တာလောက်က ကျားဖြန့်လုပ်ငန်းတွေအတွက် လုပ်ငန်းနှောင့်နှေးသွားစေရုံ ဖြစ်ပြီး လူထုကိုသာ ထိခိုက်စေခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင် က CNI သတင်းဌာနသို့ ပြောသည်။
မြဝတီမြို့မှာ စက်သုံးဆီထည့်ရန် စောင့်နေကြစဉ်
၎င်း “အခုလောလောဆယ် ကျနော်တို့ အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ မထိရောက်သေးဘူး။ လျှပ်စစ်မီးဖြတ် တာတို့က ရေတိုမှာ ကြည့်လိုက်မယ်ဆိုရင် ကျားဖြန့်လုပ်နေတဲ့ လူတွေအတွက်ကတော့ သူတို့ရဲ့ လုပ်ငန်း နည်းနည်း နှောင့်နှေးသွားတာပဲ ဖြစ်လိမ့်မယ် မပျက်ဘူးပေါ့။ ထိသွားတာကတော့ လူထုပဲဖြစ်တယ်ဆိုတာ အားလုံးမြင်နေကြရတာပဲ။ ဒါကြောင့်မို့လို့ မငြိမ်မသက်ဖြစ်အောင် ဆွပေးချင်တဲ့ လူတွေအတွက်ကလည်းအကွက် ကောင်း ဖြစ်တာပေါ့ လူထုက မကျေနပ်တော့။ ဒီကိစ္စကို ထိုင်းဘက်ကို မေးကြည့်တော့ ထိုင်းဘက်ကလည်း ဒါတွေကို သူတို့လည်း မျက်ခြေမပြတ် ကြည့်နေပါတယ်ပေါ့။ မကြာခင်လည်း သူတို့ ပြန်ဆန်းစစ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲသင့်တယ်ဆိုလည်း သူတို့ပြောင်းပါ့မယ်လို့ ပြောတယ်” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနှင့်မြန်မာတို့ ပူးပေါင်း၍ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များအား နှိမ်နင်းရေးကို တင်းကြပ် စွာ ကိုင်တွယ်ဆောင်ရွက်နေသကဲ့သို့ တရုတ်ဘက်မှလည်း ဖိအားပေးမှုများ ရှိနေသည်။
ထို့ပြင် ကျားဖြန့်လုပ်ငန်း၌ ပါဝင်သည်ဟု သံသယရှိသူများကိုလည်း ထိုင်းအရာရှိများမှ စုံစမ်းအရေးယူမှုများ ရှိကြောင်း ထိုင်းသတင်းတွေ၌ ဖော်ပြထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 757
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန်အတွက် ထိုင်းအစိုးရက မြန်မာဘက်ကို ပြည်တွင်းထုတ် ကုန် ၁၁ မျိုး တင်သွင်းခွင့်ပိတ်လိုက်ကြောင်း ထိုင်းသံရုံးနှင့် မြန်မာလုပ်ငန်းရှင်များဖြင့် နီးစပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအစိုးရသည် မြန်မာဘက်ခြမ်းရှိ မြဝတီနှင့် ရွှေကုက္ကိုလ်တွင် အခြေပြု၍ အွန်လိုင်းငွေလိမ်လည်လုပ်ငန်း (ကျားဖြန့်)နှိမ်နင်းရန်အတွက် တရုတ်အစိုးရ၏ ဖိအားပေးခြင်းကို ခံနေရသည်။
ထို့ကြောင့် ထိုင်းအစိုးရသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသ ၅ နေရာသို့ ပေးနေသော လျှပ်စစ်ဓာတ်အားများ၊ အင်တာနက်လိုင်းများနှင့် လောင်စာဆီများကို ဖြတ်တောက်လိုက်သည်။
မြဝတီကနေ ထိုင်းဘက်ကို စက်သုံးဆီထည့်ရန်သွားနေတဲ့ ကားများကိုတွေ့ရစဉ်
ထို့နောက် ထိုင်းအစိုးရက မြန်မာဘက်သို့ မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီအားလုံး၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ CABLE၊ HARDWARE၊ ဆော့ဖ်ဝဲ၊ လိမ်လည်သူများနှင့် သက်ဆိုင်သော ကုန်ပစ္စည်းများ၊ အင်ဂျင်ဝိုင်၊ စက်သုံးဆီ စသည့် ထုတ်ကုန် ၁၁ မျိုးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ထိုင်းသံရုံးနှင့် မြန်မာစီး ပွားရေးလုပ်ငန်းရှင်များဖြင့် နီးစပ်သူများက ပြောသည်။
အဆိုပါ လုပ်ငန်းစဉ်များကြောင့် မြဝတီ၊ တာချီလိတ်တို့တွင် လောင်စာဆီ ပြတ်တောက်မှုများကြောင့် ဒေသတွင်း နေ ပြည်သူများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲကြုံတွေ့လာကြသည်။