CNI Interview

၂၀၂၅ ခုနှစ်၊ မေလ ၁၇

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပသွားမည်ဟု ပြောကြားထားသည်။

တခြားတစ်ဖက်မှာလည်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေခြင်းကြောင့် နိုင်ငံရေးပါတီများသည် ရုံးခန်းများ ဖွင့်လှစ်ရန် အခက်အခဲများဖြစ်ပေါ်နေသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်

မေး ။             ။ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အတိအကျကို သတ်မှတ်ထားပြီးလား သိလိုပါတယ်။ 

ဖြေ ။             ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေနဲ့ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လျာထား သတ်မှတ်ပြီးဖြစ်ပြီး အချိန်မီ ကြိုတင်ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

မေး ။            ။ နစကဥက္ကဋ္ဌက ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမယ် ပြောထားတော့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးကာလကို ဘယ်အချိန်မှာ စတင်နိုင်ပြီလဲဆိုတာကို သတ်မှတ် ကြေညာသွားဖို့ ရှိ/မရှိ သိလိုပါ တယ်။

ဖြေ ။           ။ ‌ရွေးကောက်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ကြေညာပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်း စိစစ်ပြီးချိန်တွင် မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ် ကြေညာသွားမှာ ဖြစ်ပါတယ်။

မေး ။          ။ တစ်နိုင်ငံလုံးကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဆိုရင် တစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်းရဲ့ ထက်ဝက်မှာ ရုံးခန်း(မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ)ဖွင့်ရမယ်လို့ ပုဒ်မ ၅ (ဇ)မှာ ပြဋ္ဌာန်းထားတဲ့အတွက် လက်ရှိတစ်နိုင်ငံလုံး ဝင်ပြိုင်မယ့် ပါတီတွေထဲက ဘယ်ပါတီတွေက ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ရုံးခန်းဖွင့်လှစ်ထားနိုင်ပြီလဲ၊ ဘယ် ပါတီတွေကတော့ မဖွင့်နိုင်သေးဘူးလဲ သိလိုပါတယ်။

ဖြေ ။         ။ တစ်နိုင်ငံလုံး စည်းရုံးမည့် ပါတီ ၉ ပါတီတွင် ၃ ပါတီမှာ သတ်မှတ်ရုံးခန်း အရေအတွက် ဖွင့်လှစ်ထား နိုင်ပြီး ၆ ပါတီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ သတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့် နေ့ ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက် အတွင်း သတ်မှတ်ရုံးခန်း ပြည့်မီနိုင်ရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်

မေး ။        ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းမှာပဲ ဝင်ပြိုင်မယ့်ပါတီက အဲဒီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲ့ မြို့နယ် ၅ မြို့နယ်မှာ ပါတီရုံးခန်းဖွင့်ရမယ်လို့ ပုဒ်မ ၅ (ဇ)မှာ ပြဋ္ဌာန်းထားပါတယ်။ ဆိုတော့ ဘယ်ပါတီတွေက ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ရုံးခန်းဖွင့်လှစ်ထားနိုင်ပြီလဲ၊ ဘယ်ပါတီတွေကတော့ မဖွင့်နိုင်သေး ဘူးလဲ သိလိုပါတယ်။

ဖြေ ။        ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၄၅ ပါတီတွင် ၁၉ ပါတီမှာ သတ်မှတ်ရုံးခန်း အရေအတွက် ဖွင့်လှစ်ထားနိုင်ပြီး ၂၆ ပါတီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ သတ် မှတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း သတ်မှတ်ရုံးခန်း ပြည့်မီနိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။

မေး ။         ။ ကယားပြည်နယ်မှာ ၇ မြို့နယ်အနက် ၁-၂ မြို့နယ်သာ အစိုးရက ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့နယ် များကို အုပ်ချုပ်နိုင်ခြင်းမရှိသေးတဲ့အတွက် ကယားပြည်နယ်မှာပဲ ဝင်ပြိုင်မယ့် ပါတီဟာ မြို့နယ် ၅ မြို့နယ်မှာ ရုံးခန်းဖွင့်ဖို့ အခက်အခဲဖြစ်နေသလို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာလည်း အလားတူ အခက်အခဲတွေ ရှိနေ ပါတယ်။ ဆိုတော့ ဒီလိုအခြေအနေကိုရော UEC က ဘယ်လိုဖြေလျှော့သွားဖို့ရှိပါသလဲ။

ဖြေ ။         ။ နယ်မြေအခြေအနေ ကန့်သတ်ချက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပါတီများ ရုံးခန်း ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပါတီ၏ တင်ပြချက်အပေါ် စိစစ်ပြီး လုံခြုံရေး ကောင်းမွန်သော မြို့နယ် ရုံးများတွင် ယာယီ တွဲဖက်ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

မေး ။        ။ မေးခွန်း ၄ ပါ အခြေအနေ အခက်အခဲကို UEC က ဖြေလျှော့ပေးခြင်း မရှိဘူးဆိုရင် ကယား၊ ချင်း၊ ရခိုင် စတဲ့ ပြည်နယ်တွေကိုပဲ ဝင်ပြိုင်ဖို့ လုပ်ထားတဲ့ ပါတီတွေဟာ နစက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတော့ဘူးလား။ ပါတီကလည်း ပျက်ပြယ်သွားပြီလို့ မှတ်ယူလို့ရပါသလား။

ဖြေ ။       ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ပါတီများအတွက် ဖြေလျှော့ဆောင်ရွက်ပေးပြီးဖြစ်ပါ တယ်။