CNI News
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀
မြန်မာနိုင်ငံတွင် ရေဘေး၊ မုန်းတိုင်းဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ကြုံတွေ့နေရ ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍများ ဘယ်လိုထိခိုက်နေသလဲ ဆိုသည့်အပေါ် နိုင်ငံတော်က လေ့လာစမ်းစစ် ကြည့်သင့်ကြောင်း ထောက်ပြလျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းက သဘာဝဘေးအန္တရယ်ကို ရင်ဆိုင်ခဲ့ရသော မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် စိုက်ပျိုးမြေဆီလွှာများ ပျက်စီးသွားသည့်အတွက် နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကဏ္ဍ၌ အဓိက ဆောင်ရွက်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ငလျင်လှုပ်တဲ့ ဧရီယာတွေကို စိုက်ပျိုးရေး ဒီမီုးဦးမှာ မြေဆီလွှာပြင်ဆင်ရေး လုပ်ငန်းတွေကို ပြန်ပြီး ဦးစားပေးလုပ်ဖို့ ကျနော့်အနေနဲ့ အကြံပြုပါတယ် အဲလိုလုပ်ပြီးလို့ ဟိုဘက်မိုးရာသီ ၆ လပြီးသွားရင်တော့ ဆောင်းရာသီဆိုရင်တော့ ဒီမြေနဲ့စိုက်လို့ရမယ်လို့ အန်ကယ်က အဲလိုတွေးပါတယ်၊ တောင်သူလယ်သမားတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေမရှိတော့ဘူး၊ ဘာလို့ဆိုတော့ ပြီးခဲ့တဲ့ နွေရာသီမှာလည်း ရှုံးလာတာ အဲတော့ သူတို့အရင်တုန်း က မြတ်တုန်းက စုဆောင်းထားတဲ့ ရွှေစငွေစလေးတွေနဲ့ ပေါင်လိုက်ပြုလိုက်နဲ့ လုပ်လာခဲ့တာ တဖြည်းဖြည်းနဲ့ ရှုံးရင်းရှုံးရင်းနဲ့ အခုဟာက တော်တော်အခြေအနေစိုးတဲ့ထိကို ရောက်လာပြီး။ အဲတော့ သူတို့ကို ဒီစပါးသွင်းအားစု စိုက်ဖို့အတွက် စပါးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူတို့မှာ အရင်းနှီးမရှိဘူး၊ မွဲသွားပြီး။ အဲတော့ အပြင်ကနေ ရှာဖို့ဆိုတာ က ငွေစငွေနလေးတွေ ရွှေစရွှေစလေးတွေ ရှိမှလည်းရှာလို့ရတာ အဲတော့ စိုက်ပျိုးတဲ့ ဧကက လျော့သွားနိုင်တယ် လို့ အန်ကယ်မြင်တယ် စိုက်ပျိုးရေးဧက လျော့သွားရင် စိုက်ပျိုးရေးသွင်းအားစုက နည်းသွားမယ် ငလျင်ဖြစ်တဲ့ ဒေသတွေမှာ မစိုက်နိုင်တော့ဘူး။ မစိုက်နိုင်တော့ မဝယ်နိုင်တော့ဘူး မဝယ်နိုင်တော့ စိုက်ပျိုးရေးသွင်းအားစု အနေနဲ့ နည်းသွားမယ်၊ အဲကိစ္စကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ ဒီလိုမျိုးမဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ပြီးတော့ နှစ်တိုနှစ်ရှည်တွေကို ငွေချေးပေးဖို့ အန်ကယ်အနေနဲ့ ငလျင်ဖြစ်တဲ့ဒေသတွေကို ဦးစားပေးပြီး ဆောင် ရွက်ဖို့ အန်ကယ်အကြံပေးထားတယ်” ဟု ၎င်းက ပြောသည်။
တောင်သူလယ်သမားများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ကို အရေးပေါ် အခြေအနေ ကြေညာ၍ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေရသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှာ ရေကြီးရေလျှံမှုများဖြစ်ပွား၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရပြီး လယ်ယာမြေများ ပျက်စီးကာ စိုက်ပျိုး ရေးအထွက်နှုန်းလျော့ချခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်အတွင်းမှာ ရာဂီ(မိုခါ)မုန်တိုင်း တိုက်ခိုက်မှုကြောင့် ရခိုင်ပြည် နယ်အတွင်းက လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင်မတိုင်ခင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် မြေဆီလွှာအက်ကွဲခြင်း၊ မြေဆီလွှာ ရွေ့သွားခြင်းကြောင့် မြေဆီလွှာပြန်ကောင်းရန် တစ်နှစ်လောက်စောင့်ရမည်ဟု စစ်ကိုင်းဒေသမှ စိုက်ပျိုးရေးသမားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တောင်သူလယ်သမားများကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ ပြန်စိုက်လို့ရတယ် မြေဆီလွှာနှုန်းနဲ့ ဘာနဲ့ကျတော့ သီးနှံထွက်မှာပဲ သေချာတာကတော့။ မြေက ရွေ့သွားတာမျိူး ပုံစံမျိုးဆိုတော့ တခြားထွေထွေထူးထူး ပြောင်းလဲသွားတာမျိုးတော့ မရှိဘူးဗျ ဒီအတိုင်းဘဲ စိုက်ပျိုးနေကျတယ် အကုန်လုံးက ပုံမှန်နှုန်းထားတိုင်း ပြည့်မှီဖို့တော့ မလွယ်ဘူး လျော့သွားနိုင်တယ်။ လျော့သွား နိုင်တယ်ဆိုတာက ကျနော်တို့ ဒီမှာ မြေဆီဝယ်ရတာက အရင်စျေးနဲ့ မတူတော့ဘူး ဖြစ်သွားတယ်။ မြေဆီနှုန်းတွေ တက်သွားတယ် ဝယ်ရတဲ့ transportation ခတွေ တက်သွားတယ်။ Charges ခတွေ စျေးကြီးသွားတဲ့အတွက် ကြောင့်မို့ ပုံမှန်နှုန်းထားထက် အနည်းငယ် လျော့သွားမယ် ပုံမှန်လောက်တော့ မဖြစ်နိုင်ဘူး။ ဒီဘက် အနေထား ကိုပဲ ပြောရမှာပေါ့။ ကျနော်တို့ များသောအားဖြင့် ဒီယာမြေတွေမှာ မြေကြီးအက်ကွဲသွားတာတွေ ပါတယ်ပေါ့ နော်။ ဒါပေမယ့် ကျနော်တို့ ဒီပုံမှန်ထွန်မယ် ထွန်ပြီးသွားလို့ အချိန်တစ်ခုပေးပြီးသွားရင် မြေဩဇာနဲ့ ပြန်ပြီးနှပ်ရမဲ့ အပိုင်းတွေတော့ တခြားနည်းတွေတော့ရှိတယ်။ ကျနော်တို့ တခြားနည်းတွေက ပုံမှန်မြေသား ပြန်ဖြစ်အောင် လ နဲ့ပေါ့နော် ၄၅ ရက်၊ ရက် ၅၀ လောက် ပြန်နှပ်ရတယ်။ အဲလိုပုံစံမျိုးနဲ့ ကျနော်တို့ ပုံမှန်တိုင်းတော့ ပြန်ဖြစ်တယ်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သော ရာဂီ(မိုခါ)မုန်တိုင်း အရှိန်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံ ခဲ့ပြီး စိုက်ပျိုးဧက ၉ သိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု နစက,က ထုတ်ပြန်ထားသည်။
နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်တချို့မှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧက ၈ သိန်း နီးပါး (၇၉၃,ဝဝဝ) ပျက်စီးခဲ့သောကြောင့် အခြားသီးနှံစိုက်ဧက ၇ သောင်းကျော် (၇၃,၄၂၄) ပျက်စီးဆုံးရှုံးခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။