CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ပြန်လည် ထိန်းချုပ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။ 

ဗန်းမောက်မြို့ကို KIA-PDF-ကဒူးတပ်ဖွဲ့တို့က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် မြို့သိမ်းတိုက်ပွဲ စတင် ဆင်နွှဲခဲ့ပြီး စက်တင်ဘာ ၂၀ ရက်၌ ထိန်းချုပ်ခဲ့သည်။

ထို့နောက် SNA သည် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ဗန်းမောက်မြို့  အားလုံးနီးပါးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

လက်ရှိတွင် အေးသာကုန်း တစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။