CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆

အစိုးရသစ်တစ်ရပ် မဖွဲ့စည်းမီ ကြားကာလအတွင်း မန္တလေးမြို့အနေဖြင့် မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မ ရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတ်ကရေးနှင့် သန့်ရှင်းသာယာ လှပရေး တို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားစဉ် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လာမည့် မတ်လကုန်တွင် အစိုးရသစ်တစ်ရပ် တက်လာမည်ဖြစ်ကြောင်း၊ အစိုးရသစ် တစ်ရပ်မဖွဲ့စည်းမီ ကြားကာလအတွင်း မန္တလေးမြို့ အနေဖြင့် မြို့သာယာလှပရေး၊ ဖွံ့ခြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ငလျင်ဘေးအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကြားကာလ ၂ လတာအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် မြို့သာယာလှပရေး လုပ်ငန်းများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်သွားရန်မှာကြား လိုတယ်”ဟု ပြောသည်။

အဓိက လမ်းမကြီးများ၌ လမ်းလယ်မျဉ်းများ ဆွဲခြင်း၊ လမ်းညွှန်အမှတ်အသားများ အသစ် ပြန်လည် ပြုလုပ်ခြင်း တို့ အပါအဝင် အချိန်တိုအတွင်း ပြီးစီးနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင်သွားရန်လိုကြောင်း၊ လမ်းလယ်ကျွန်း များ၊ ပလက်ဖောင်းများ၌ သဲ၊ မြေကြီးနှင့် အမှိုက်များဖုံးနေခြင်းများကိုလည်း ရှင်းလင်း သွားရန်လိုကြောင်း၊ လမ်း များ သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေဖြင့်စနစ်တကျ ဆေးကြောခြင်း ဦးစွာ ဆောင်ရွက်ပြီးမှသာလျင် ဆေးသုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြောသည်။

ထို့နောက် ပလက်ဖောင်းများ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း၊ ရေဝင် ထွက်ပေါက်များ ပိတ်ဆို့မှု မရှိစေရေးနှင့် စနစ် တကျ ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေးမြို့အတွင်း လေထုညစ်ညမ်းမှုကိုလည်း စစ်ဆေး ဆောင်ရွက်သွားရန်လိုပြီး ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မန္တလေးမြို့သည် အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်လာကြသူများနှင့် ရွှေ့ပြောင်းအခြေချသူများ များပြားလာ ခြင်းကြောင့် လူနေထူထပ်လာပြီး လမ်းများ ပိတ်ဆို့ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာမှုအားနည်း ခြင်း၊ မီးပွိုင့်စနစ်အတိုင်း သွားလာမှုအားနည်းခြင်း၊ ခိုးဆိုးလုယက်မှု ပေါများနေခြင်း စသည့် အခြေအနေများကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေသည်။