CNI New
၂၀၂၅ ခုနှစ်၊ ဇူလိူင် ၂၁
ပြည်သူ့ဆေးရုံများတွင် လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ် သက်သာစေရေး စီစဉ်ဆောင်ရွက်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သည့် ဆရာဝန်(သစ်လွင်) များ နှင့် သွား၊ ခံတွင်းဆရာဝန်(သစ်လွင်) များကို ခန့်အပ်လွှာပေးအပ်ပွဲ၌ ၎င်းက ပြောကြားခဲ့သည်။
ပြည်သူ့ဆေးရုံများတွင် လူနာများ ကုန်ကျစရိတ် သက်သာစေရေး လုပ်နေသည်ဆိုသည့်တိုင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံမှာက အဲဒါမျိုး ဦးတည်ချက်တွေက ပြောနေတာကတော့ ကြာပါပြီ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကလည်း ပြောတာပဲ၊ အဲတော့ ဘယ်လိုလုပ် ကြိုးကြိုးစားစားလုပ် မနားမနေလုပ် ဒါမျိုးတွေ တိုးတက်အောင်လုပ် ဒါကတော့ ပြောတာပေါ့။ ဒါတွေက အပြောတွေ တကယ့် တကယ်ကြတော့ လက်တွေ့မှာ ကြတော့ အဲအပြောနဲ့တင်မရဘူး။ သူ ကဖြည့်ဆည်းပေးဖို့ လိုတာပေါ့၊ ကျနော်ထင်ပါတယ်။ ဟိုဟာပါ generally ဒီ အထွေထွေလမ်းညွှန်တဲ့ အဆင့်ပါပဲ မြန်မာပြည်မှာရှိတဲ့ အစိုးရအဆက်ဆက်က ဟိုဟာပေါ့နော်။ ကိုယ်ထုတ် ထားတဲ့ ညွှန်ကြားချက်နဲ့ ပြန်ပြီးတော့ ကိုယ်ပြန်ပိတ်နေတာတွေ များတယ်။ နိုင်ငံတော်ရဲ့ မူပဲလေ လက်တွေ့ ကျတာမကျတာ တစ်ပိုင်းပေါ့၊ ဒီသဘောတော့ရှိတယ်။ အဓိကလုပ်ဖို့က အစိုးရအနေနဲ့ လုပ်ဖို့သင့်တာက ဟိုဟာ ပေါ့။ ရင်းနှီးမြုပ်နှံလာအောင် ကျနော်တို့က မက်လုံးပေးဖို့လိုတယ် မြေအလကား ပေးမလား၊ ဒီရောဂါ ရှာဖွေရေး ကရိယာတွေကို ကျနော်တို့က အခွန်မဲ့ တင်သွင်းခွင့် ပေးမယ်ဆိုရင်လည်း သူတို့က ပိုက်ဆံချေးပေး မလားပေါ့။ ဒီလိုမျိုးဒါတွေက ဦးဆောင်ပြီးလုပ်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး လမ်းညွှန်ချက်လောက်နဲ့ ဒါကတော့ မလုံ လောက်ဘူးပေါ့”ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ရွေးကောက်ပွဲ ကျင်းပသည့်အခါ မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပါက ဆေးရုံများ အား လိုင်စင် တင်းကျပ်နေမှုကို ဖြေလျှော့ရန် ကြိုးပမ်းမည်ဖြစ်သလို CDM ဆရာဝန်များ ဆေးကုသနိုင်ရေး ပြန်လည်ရရှိအောင် ကြိုးပမ်းမည်ဟု ဒေါက်တာအောင်မျိုးက ပြောသည်။
လူနာများ ကုန်ကျစရိတ် လျော့နည်းစေရန် အစိုးရ၏ ဆေးဝါးထောက်ပံ့မှုလိုအပ်ကြောင်း၊ တကယ် ကွင်းဆင်းပြီး အခြေခံ လူတန်းစားများ၏ အခြေအနေကို နားလည်အောင် ကြည့်မှရမည်ဟု အထွေထွေရောဂါကုဆေးခန်း တစ်ခု မှ ဆရာဝန်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်ကျစရိတ်ကတော့ ကျနော်တို့ အစိုးရရဲ့ ဆေးဝါးထောက်ပံ့မှုလည်း လိုတယ်ဗျ။ ပုဂ္ဂလိကကျတော့ အဆင်မပြေလောက်ဘူး။ အလှူရှင်တော့ လိုအပ်တာပေါ့ဗျာ။ ကျနော်ကတော့ အဲလိုပဲမြင်တယ်ဗျ။ ကုန်ကျစရိတ် သက်သာအောင်လို့ကတော့ မဖြစ်နိုင်ဘူး ထောက်ပံ့မှုရှိမှလည်း အဆင်ပြေမှာလေ။ ဆေးဝါးစရိတ်က သက်သာလို့ ဒီအစိုးရ အစိုးရထောက်ပံ့ပေးတဲ့ ဒီဆေးဝါးတွေက သက်သာတယ်ဆိုပေမဲ့လည်း ဒီလမ်းပန်းဆက်သွယ်ရေးနဲ့ နေထိုင်မှု စရိတ်နဲ့ လူမှု ပတ်ဝန်းကျင်ကလည်း ဆိုင်သေးတယ်လေ။ ဥပမာ ဒီကျနော်တို့ မြို့ထဲလို နေရာမျိုးမှာဆို ရင်တော့ တစ်မျိုးပေါ့။ ကျနော်တို့ ဒီဘက် နယ်ဘက်တွေ ကျနော်တို့ မြို့အစွန်ဘက်တွေမှာ ကျတော့ အခြေခံ လူတန်းစားက ပေါတယ်လေ။ အခြေခံ လူတန်းစားပေါတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီဆေးတွေက ကျတော့လည်း ဝယ်နေရတာပဲ။ သူတို့ ကိုယ်တိုင် ကျနော်တို့ ဘယ်လိုပြောရမလဲ တကယ်ကွင်းဆင်းပြီးတော့ တကယ်ဖြစ်နေတဲ့ အခြေအနေကို နားလည်မှရမှာ ဒီအခြေခံ လူတန်းစားရယ် ပြီးလို့ရှိရင် ဒီရက်ကွက်တွေက ဆေးခန်းတွေ ၂၄ နာရီ အထွေထွေရောဂါကုတဲ့ ဆေးခန်းတွေရော အဲလိုမျိုးတွေမှာ ကျတော့လည်း ကိုယ် ကိုယ်တိုင် အဲလိုသွားပြီးတော့ လေ့လာမှ သူ့အခြေအနေကို သိမှ အဆင်ပြေမှဗျ။ ကျနော် အခုပြောသလို မျိုးပဲ သူတို့သွားပြောပြဖို့လည်း အဆင်မပြေဘူးဗျ။ အဓိက,ကတော့ ကျနော်ပြောပြတာထက် ဒီမှာ ဖြစ်နေ တာကို သူတို့ကိုယ်တိုင်သိမှ အဆင်ပြေမှာဗျ။ ဆေးခန်း ၁၀ ခုမှာ ၉ ခုလောက်က ဝန်ထမ်းတွေနဲ့ လည်ပတ်နေတဲ့ အဲခါကျတော့လည်း ကျနော်တို့ ဒီအောက်ခြေမှာဖြစ်နေတဲ့ ကိစ္စတွေပေါ့ဗျာ။ ဒီလို ရပ်ကွက် ဆေးခန်းတွေမှာက အဲလို ဟာတွေက အဖြစ်များတယ်၊ ဒီလို ထောက်ပံ့မှုတွေကျတော့လည်း ကျနော် အခု လက်ရှိ ဒီအလုပ်လုပ်နေသ၍ ကတော့ မတွေ့သေးဘူး”ဟုပြောသည်။
ဆေးဝယ်ရန် စောင့်ဆိုင်းနေကြစဉ်
ပြည်သူများ နေရာထိုင်ခင်း ကောင်းမွန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှု ခံနိုင်ရေးအတွက် ပြည်သူ့ဆေးရုံ များ မွမ်းမံပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် အဆင့်မီ ဆေးကုပေးခြင်း၊ ဆေးဝါးများ၊ ခေတ်မီ ဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်က အလေးထား ဆောင် ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံတွင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခန်းကဏ္ဍများ ကျဆင်းနေခြင်းကြောင့် အလုပ်အကိုင်များ ဆုံးရှုံးကာ အောက်ခြေလူတန်းစား များပြားလာနေသည်။ ထို့နောက် ကျန်းမာရေး စရိတ်များ မတတ်နိုင်ဘဲ ဆေးရုံ/ဆေးခန်းများတွင် ဆေးဝါးကုသမှု ခံယူရန် မတတ်နိုင်သူများ အလွန်များပြားလျက်ရှိနေ သည်။
ထို့ကြောင့် နိုင်ငံတော်မှ ပြည်သူလူထုများ ကျန်းမာရေး အခမဲ့ ဆေးဝါး ကုသခွင့်ရရှိစေရန် သို့မဟုတ် ကုန်ကျ စရိတ်များ သက်သာချောင်ချိစေရေး မူဝါဒတစ်ခုကို ပြဋ္ဌာန်း၍ အကောင်အထည်ဖော်သင့်ကြောင်း ပြည်သူလူထု က ထောက်ပြလျက်ရှိသည်။