CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းက ရှမ်းနီအမျိုးသားများတပ်မတော်(၆၁၄) ထိန်းချုပ်ထား သော မြို့ပေါ်တွင် ပြည်သူလူထုအား ငှက်ဖျားနှင့် တုတ်ကွေး ကာကွယ်ဆေးများကို ပြည်သူ့ဆေးရုံကြီးမှာ ထိုး ပေးနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးပေးနေခြင်းကို ဇူလိုင် ၁ ရက်မှ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဇူလိုင် ၁ ရက်တွင် ပြည်သူလူထု ၃၀၀ ကျော် လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်အတွင်းမှာ SNA နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း၊ ဗန်းမောက်မြို့နယ်၏ တောင်ပိုင်းနှင့်မြောက်ပိုင်း ကို KIA-PDF က ထိန်းချုပ်ထားပြီး အရှေ့နှင့်အနောက်ပိုင်းအား SNA အပြင် မြန်မာ့တပ်မတော်တို့က ထိန်းချုပ် ထားကြောင်း သိရသည်။
ဗန်းမောက်မြို့ သိမ်းပိုက်နိုင်ရေးအတွက် KIA-PDF သည် မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်နေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။